(99)

8.1K 1K 8
                                    

အပိုင်း (၉၉) ချောင်မိသားစု၏ အလည်ပတ်ရောက်ရှိလာမှု -2

ပိုင်လီက ပိုင်မိသားစုရောက်လာ၍ သူ၏ဝါးခြင်းတောင်းကို ချနေတုန်းတွင် ချောင်ရန်၏အသံကိုကြားလိုက်သဖြင့် သူက လှည်းကိုပြန်လှည့်ကြည့်ခဲ့သည်။

အဲဒီမှာ လည်းကလည်း နီးကပ်လာပြီဖြစ်လို့ သူကလှည်းပေါ်မှာ မတ်တပ်လေးရပ်ပြီး သူ့ကိုလက်ဝေ့ရမ်းပြနေတဲ့ ချောင်ချင်းချင်းလေးကို တွေ့လိုက်ရပါတယ်။

လှည်းလေးသည် စပျစ်စင်များနှင့် မနီးမဝေးတွင်ရပ်တန့်သွားခဲ့ပြီး ပိုင်လီထံ ဦးဆုံးပြေးလာသူမှာ ချောင်ချင်းချင်းလေးပါပင်။ သူမလေးက ပိုင်လီထံပြေးလာရင်းနှင့်....

"ဦးဦးပိုင်! ဦးဦးပိုင်​ရေ... ချင်းချင်းက ဦးဦးတို့ဆီလာလည်တာပါ"

ပိုင်လီမှာ ဤကလေးမနှင့်မတွေ့တာ အနည်းငယ်ကြာသွားပြီပင်။ တကယ်တော့ ဆိပ်ကမ်းမြို့နဲ့ဘသူတို့ရွာလေးက မနီးလှပါဘူး။ အရင်က အကြောင်းကိစ္စတွေရှိလို့ ပိုင်လီက ဆိပ်ကမ်းမြို့ကို မကြာခဏသွားခဲ့ရပေမယ့် ကျိုးရှီရဲ့ကိစ္စပြီးထဲက သူက ဆိပ်ကမ်းမြို့ကိုထပ်မရောက်ခဲ့တော့ဘူး။

ပိုင်လီသည် အနားရောက်လာသည် ကလေးမလေး၏ ခေါင်လေးကိုပုတ်ပေးလိုက်ပြီး....

"ချင်းချင်းက တကယ်လာလည်တာပဲ အတော်ပဲ လာတုန်းကိုကူညီခိုင်းရမယ် ဦးဦးကို စပျစ်သီးကူခူးပေးရမယ်နော်"

ချောင်ချင်းချင်းသည် ဤသို့ တောရွာလေးသို့ တစ်ခါမှ မရောက်ဖူးသူလေးဖြစ်သဖြင့် ပိုင်လီကို နှုတ်ဆက်ပြီးထဲက သူမလေး၏ အကြည့်များက စပျစ်စင်မှ တွဲလောင်းကျနေသည့် လှပလွန်းသော စပျစ်ခိုင်များကို ငေးကြည့်နေခဲ့တာဖြစ်သည်။ သူမလေးက စပျစ်သီးပင်တွေကိုလည်း တစ်ခါမှမမြင်ခဲ့ပါဘူး။

သူမလေးက ပိုင်လီကိုပြန်လှည့်ကြည့်လာပြီး စပျစ်သီးခိုင်တွေကို လက်ညိုးထိုးပြလျက်...

"ဦးဦး ဒါက ဘာအသီးလေးတွေလဲဟင် လှလိုက်တာနော် "

အဲဒီနောက် သူမလေးက ပိုင်လီ၏လက်ကိုလာဆွဲကာ ကလေးဆိုးလေးလိုလှုပ်ရမ်းခဲ့ပြီး...

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now