အပိုင်း (၁၃၉)

5.1K 766 12
                                    

အပိုင်း (၁၃၉) ကျိုးရှီကိုနှင်ထုတ်ခြင်း-2

ပိုင်ကျန်းကလည်း ဒါကိုကြားတော့ အနည်းငယ်အံသြသွားခဲ့၏။ သူအမေကိုကြည့်ရတာ လိမ်ပြောနေပုံမရတော့ တကယ်ပဲ သူ့ကို ဒုတိယအကြိမ်လက်ထပ်ပေးဖို့ လူရွေးပြီးသွားတာ ဖြစ်နိုင်လောက်သည်။ ဒါပေမယ့် အမေက သူတို့ကို ဘာမှမပြောခဲ့ဘူးလေ။

မော့ဟွာက သူမသားကြီးက သူမကို တစ်ခုခုပြောချင်နေမှန်းမြင်တော့ သူမက ဦးအောင်တားလိုက်၍...

"မင်းလည်း ဘာမှပြောနေစရာမလိုဘူး အမေက မင်း ဒီမိန်းမကိုရွေးခဲ့လို့ တစ်ခါ မင်းရဲ့ရွေးချယ်မှုအတိုင်းလုပ်ပေးခဲ့ပြီးပြီ ဒါပေမယ့် မင်းက ရိုးသားလွန်းတော့ လှည့်စားခံလိုက်ရတယ်လေ အဲတာကြောင့် ဒီတစ်ခါကိုတော့ အမေကပဲရွေးပေးမယ် အခုအမေတို့မိသားစုက ပြောင်းလဲနေပြီ အမေတို့မိသားစုထဲကို ဝင်ချင်နေတဲ့ မိန်းမကောင်းလေးတွေမှ အများကြီးပဲဆိုတာကို သိရဲ့လား"

ဒါကိုကြားတော့ ပိုင်ကျန်းက သက်ပြင်းချလိုက်မိ၏။ သူက သူအမေက သူ့ကိုဒီတိုင်းမနေခိုင်းဘဲ ဇနီးထပ်ရွေးပေးလောက်မယ်ဆိုတာ သိထားပေမယ့် ကျိုးရှီထွက်မသွားခင်ထဲက လူရွေးပြီးလိမ်မယ်လို့တော့ တကယ်ကို မထင်ထားတာဖြစ်သည်။ ဒါက အရမ်း မမြန်လွန်းဘူးလား။

ကျိုးရှီကတော့ ပိုင်အမေစကားကို ကြားပြီးနောက်သူမက ပိုင်ကျန်းခြေထောက်ကို ပိုပြီးအားနဲ့တောင် ဖက်ထားလိုက်သေးပေသည်။ သူမစိတ်ထဲမှာလည်း ပိုင်အမေကို ကျိန်ဆဲနေခဲ့ပါတယ်။

ဒီအဘွားကြီးပြောသလိုပဲ ပိုင်အိမ်က အရင်ကနဲ့မတူတော့လို့ဘဲ သူမက ဒီလောက်ထိ ကပ်တွယ်ဖို့ကြိုးစားနေရတာပေါ့။ အခု ပိုင်အိမ်က ပိုင်လီကိုဖယ်လိုက်ရင်တောင် လယ်သူဌေးမိသားစု ဖြစ်နေပြီးပြီ။ သူတို့ရဲ့ ရာချီနေတဲ့လယ်ကွက်တွေကိုပဲ ကြည့်လိုက်လေ။ ဒီလောက်ကြွယ်ဝနေတဲ့ မိသားစုကို မဆုပ်ထားရင် သူမက အရူးပဲမဟုတ်ဘူးလား။  ပိုင်အဖေပြီးရင် အကြီးဆုံးသားဖြစ်တဲ့ ပိုင်ကျန်းကပဲ မိသားစုရဲ့ဦးစီးဖြစ်လာမှာဆိုတော့ သူမကသာ ပိုင်အိမ်ထဲကထွက်မသွားရဘူးဆိုရင် သားယောင်္ကျားလေးလည်း မွေးပေးထားတာဆိုတော့ ဒီအိမ်ရဲ့ချွေးမကြီးနေရာ ပြန်ရောက်လာရမှာပဲလေ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now