အပိုင်း (၄၅)

10.7K 1.4K 75
                                    

အပိုင်း (၄၅) မုဆိုးကြီးအား ဒုတိယဇနီးယူရန်တိုက်တွန်းကျခြင်း -2

ပိုင်လီက မျက်လုံးဝိုင်းဝိုင်းတွေနဲ့ ခေါင်းလေးတွေကိုကြည့်ကာ ရယ်လိုက်ပြီးနောက် ခေါ်လိုက်တော့သည်။

"ဒီကိုလာခဲ့.."

ထိုအခါ ထိုအသေးလေးတွေက ရယ်သံလေးတွေထွက်လာပြီး ပိုင်လီထံပစ်ဝင်ကာ စေးကပ်နေတဲ့ ဆန်စေးမုန့်လုံးလေးတွေလို ကပ်တွယ်နေကျသဖြင့် ပိုင်လီက ခါးလေးတွေကိုတို့လိုက်ကာ....

"လူကြီးတွေစကားပြောနေရင် ချောင်းနားထောင်တတ်တဲ့အကျင့်ကို ခုထဲကဖျောက်ပေးမှရတော့မယ် အဲတာကကောင်းတဲ့အကျင့်မဟုတ်ဘူး သိရဲ့လား"

ထိုကောင်စုတ်လေးတွေကတော့ ပိုင်လီပြောတာကိုနားမလည်ပါဘူး။ သူတို့က ပိုင်လီကို ဖက်တွယ်ထရင်းသာ တခစ်ခစ်နဲ့ရယ်နေခဲ့ကျသည်။

သူတို့ကိုကြည့်ရတာ ဒါကိုကစားနည်းတစ်မျိုးလို့ထင်နေပုံရတယ်။

အဲဒီအချိန်မှာပဲ ပိုင်လီက အိမ်ထဲကနေ နောက်ထပ်ခေါင်းလေးတစ်ခေါင်းထွက်လာတဲ့သတိထားမိခဲ့ပြီး ဒီခေါင်းက အသေးလေးတွေထက်နည်းနည်းကြီးကာ ပိုင်မိန်ဖြစ်နေခဲ့သည်ကိုတွေ့ခဲ့ရသည်။ ပိုင်လီက ဒါကိုမြင်တော့ မမေးပဲမနေနိုင်ခဲ့ပေ။

"ရှောင်မိန် ဒီအရွယ်ပဲရောက်နေပြီ မင်းရဲ့တူလေးတွေလိုကစားချင်နေတုန်းပဲလား"

ဒါကိုကြားတော့ ပိုင်မိန်သည် မပျော်တော့ပဲ ခြေဆောင့်ကာထွက်လာပြီး...

"ညီမလေးကိုလည်း ဒုတိယအကိုက တူလေးတွေလို လာခဲ့​ဖို့ခေါ်ရမှာလေ ဒါဆိုညီမလေးလည်း တူလေးတွေလို ရယ်ပြီးပြေးလာမှာလေ ဒါပေမယ့် ဒုတိယအကိုက ညီမလေးကိုမချစ်တော့ဘူး ဝူးဝူး ဒုတိယအကိုကပြောင်းလဲသွားပြီ!"

ပိုင်လီက ဒါကိုကြားတော့ ငိုရခက်၊ရယ်ရခက် ဖြစ်သွားခဲ့ရပြီး စိတ်ထဲတွင်လည်းပြောမိသွားရ၏။

မင်းက ဆယ်နှစ်တောင်ပြည့်ပြီးသွားပြီလေ ဒါကို နှစ်နှစ်အရွယ်ကလေးလေးတွေလို ကစားချင်နေတုန်းလား။

ထိုအချိန်တွင် ရှောင်မိန်ကို ချော့မော့သလိုနှင့် စနောက်နေတဲ့ ပိုင်လီရဲ့မျက်နှာက ပုံမှန်ပြန်ဖြစ်သွားခဲ့ကာ အစောလေးကလို တည်ငြိမ်ပြီးစိတ်မချမ်းသာမှုတွေအုံ့မှိုင်းနေသည့် မျက်နှာက အစရှာမရအောင်ကွယ်ပျောက်သွားခဲ့ပြီဖြစ်၏။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now