အပိုင်း (၁၈)

11.5K 1.4K 10
                                    

အပိုင်း (၁၈) ရှောင်မိန်ပါဝင်သော ဆိပ်ကမ်းမြို့က မိသားစုခရီးစဥ် -3

"ဒါဆို မင်းရွာပြန်ခါနီးရင် ငါ့ကောင်လေးတွေကိုလိုက်ပို့ခိုင်းလိုက်မယ် "

ပိုင်လီက ထိုစကားကိုချွင်းချက်မရှိလက်ခံလိုက်လေသည်။ ထို့နောက် ငွေရှင်းပေးလိုက်၏။

ပိုင်လီက ပစ္စည်းတွေယူခါနီးမှငွေရှင်းမယ်လို့ လုပ်မနေပါဘူး။ ချောင်ရန်က လူလိမ်လူညစ်တစ်ယောက်မဖြစ်နိုင်သလို သူကနိူင်ငံတော်ပိုင်လက်နက်ဆိုင်ရဲ့ တာဝန်ခံတစ်ယောက်လည်း ဖြစ်ပြန်တယ်လေ။ ဒီလိုလူမျိုးက အကြွင်းမဲ့ယုံကြည်လို့ရနိုင်ပါတယ်။

ပိုင်လီက လေးအတွက် ငွေချောင်းငါးရာ၊ လက်သမားပစ္စည်းအစုံအတွက် ငွေချောင်းနှစ်ရာသုံးဆယ့်ရှစ်ချောင်း၊ ဓားရှည်အတွက် ငွေချောင်းနှစ်ဆယ်နဲ့ ပုဆိန်နှင့်ဓားများအတွက် ငွေဆယ့်ငါးချောင်း ရှင်းခဲ့ရပြီး အိတ်ထဲက ငွေချောင်းခုနှစ်ရာကျော်လောက်နုတ်ခဲ့ရသဖြင့် သူ၏ငွေအိတ်လေးက အလွန်ပိန်ပါးသွားခဲ့တော့သည်။

ထို့နောက် သူက လေးနှင့်ဓားရှည်ကိုပဲယူကာ ချောင်ရန်ကိုနုတ်ဆက်၍ တည်းခိုအိမ်သို့ပြန်လာခဲ့တော့၏။ ချောင်ရန်က ပိုင်လီနဲ့အတူ သွားသောက်ချင်ပေမယ့် ပိုင်လီရဲ့မိသားစုပါလာကြောင်းသိသဖြင့် နောက်တစ်ခေါက်ဆုံပါက အတူတူသောက်ဖို့ ကတိတောင်းပြီး လွှတ်ပေးရလေသည်။

ပိုင်လီ တည်းခိုအိမ်ပြန်ရောက်တော့ နေဝင်သွားပြီဖြစ်၍ မှောင်စပြုနေပြီး ရှောင်ဟန်နှင့်ကလေးများက သူ့ကိုမျှော်နေကြောင်းတွေ့လိုက်ရ၏။ ရှောင်ဟန်၏ မျက်ဝန်းထဲတွင် သိသိသာသာစိုးရိမ်စိတ်များပင်ရှိနေသေးသည်။

ပိုင်လီက ရှောင်ဟန်က သူအန္တာရယ်ဖြစ်မည်ကိုစိုးရိမ်နေတာလား၊ ဒါမှမဟုတ် ရှောင်ဟန်နဲ့ကလေးတွေကို သူပြစ်သွားမှာစိုးရိမ်နေတာလားဆိုတာကိုတော့ စေ့စေ့ပေါက်ပေါက်မတွေးချင်ခဲ့ပါဘူး။

ပိုင်ရှောင်ဖူနှင့်ပိုင်ရှောင်ဝူလေးသည် ပိုင်လီက စားစရာများမှာပေးခဲ့သဖြင့် ညစာစားပြီးသွားကျပြီဖြစ်သော်လည်း ပိုင်လီပြန်မလာသေးသဖြင့် မအိပ်ကျသေးပေ။ ပိုင်လီက တံခါးဖွင့်ဖွင့်ချင်း သူ့ထံပြေးလာသော အသေးလေးများကို ဖမ်းလိုက်ပြီး...

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now