အပိုင်း (118)

6.2K 775 7
                                    

အပိုင်း (၁၁၈) ယန်စန်းဟွားနှင့်ဟွမ်ဟွာ၏သတင်း

"ဒီမျောက်လေးက တော်တော်ရုပ်ဆိုးလို့ ငါစားချင်စိတ်တောင်မရှိတော့ဘူး ဒီလိုလုပ် ညီလေးပိုင်လည်း ဒီမှာရောက်နေတာဆိုတော့ လမ်းကြုံသားပဲ ခေါ်သွားပြီး တောထဲပစ်ပေးပါလား ရုပ်ဆိုးတဲ့မျောက်လေးကို စားချင်တဲ့လူလည်း ရှိမှာမဟုတ်ဘူးလေ "

ချောင်ရန်၏ ဒီစကားအဆုံး၌ ချောင်ချင်းချင်းသည် ရုန်းကန်နေသေးသော်လည်း တစ်ခုခုကို သတိထားမိသွားကာ ခန်းမထဲရှိလူများကို အမြန်ကြည့်လိုက်တော့သည်။

သူမလေးက သူမရဲ့အနီးကပ်အစေခံလေးနဲ့ စျေးဝယ်ထွက်နေတုန်း အိမ်ပြန်လာသည့် ချောင်ရန်နှင့် လမ်းမှာ ထိပ်တိုက်တိုးခဲ့တာဖြစ်ပြီး ချောင်ရန်က ပိုင်လီတို့ရောက်နေ၍ ပြန်လာတာပေမယ့် သူမလေးကို ဒီအကြောင်းမပြောခဲ့ပါဘူး။

ဒါကြောင့် သူမလေးက ပိုင်လီကို ရည်ညွှန်းသံကြားတဲ့အခါမှ လူများကြား အမြန်ကြည့်လိုက်ပြီး တကယ်ကြီး ပိုင်လီတို့ဖြစ်နေသည့်အခါ အလွန်ပျော်ရွှင်သွားတော့လေသည်။

"ဦးဦးပိုင်! "

ထို့နောက်သူမက အသေးလေးတွေနှင့် ပိုင်မိန်ကိုလည်း မြင်သွားပြီး သူမအဖေပေါ်မှ ပြေးဆင်း၍ ပိုင်မိန်ထံပြေးသွားတော့ကာ...

"အားးး မမရော အသေးလေးတွေရောပါလာတာပဲ! ချင်းချင်းက မီးပုံးပွဲတော်မှ တွေ့ရမယ်ထင်နေတာ"

ပိုင်မိန်သည် မတွေ့သည့်လများအတွင်း အရပ်နည်းနည်းပိုထွက်လာသည့် ကလေးမလေး၏ပါးကို ဖျစ်ညှစ်လိုက်သည်။ သူမက...

"အစကတော့ မီးပုံးပွဲတော်မှ လာရမှာလေ ဒါပေမယ့်ဒုတိယအကိုက ဆိပ်ကမ်းမြို့ကို သွားစရာပေါ်လာလို့ ကပ်လိုက်လာလိုက်တာ"

ဘာပဲပြောပြော ဘာကြောင့်ပဲလာလာ ချောင်ချင်းချင်းက အလွန်ပျော်ရွှင်နေပါသည်။ သူမက ပိုင်မိန်ကိုဆွဲကာ ထစေ၍ ....

"အတော်ပဲ အတော်ပဲ သိလား မြို့ထဲမှာ ပြဇာက်ရုံတစ်ခုမှာလေ  ပြဇာက်တစ်ခုကအရမ်းလူပြောနေများနေတာ အရမ်းကောင်းတာပဲတဲ့ ညီမလေးတို့ သွားကြည့်ရအောင် ရှောင်ဖူလေးနဲ့ရှောင်ဝူလေးရော လိုက်ခဲ့နော် နော်နော်"

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now