အပိုင်း (၂၀)

11.1K 1.4K 27
                                    

အပိုင်း (၂၀) ရှောင်မိန်ပါဝင်သော ဆိပ်ကမ်းမြို့ကမိသားစုခရီးစဥ် -5

ပိုင်လီက ဒီရက်တွေမှာအရာရာကိုအကဲခက်ပြီးသားဖြစ်ပြီး သူ့အိမ်က ကောတွေရဲ့အဝတ်တွေကအရမ်းနွမ်းပါးနေတာကို သတိထားမိခဲ့ပြီးသားပင်။ နန်ချောင်းရွာရဲ့ လယ်မြေအများဆုံးပိုင်တဲ့အိမ်က အငယ်ဆုံးသမီးလေးဖြစ်တဲ့ ပိုင်မိန်ရဲ့အဝတ်စားတွေကတောင် သူ့အိမ်ကကောတွေထက် ထူးပြီး ကောင်းမနေခဲ့ဘူး။ ဒါတွေအကုန်လုံးက မူလပိုင်လီရဲ့ခွေးဆန်ခဲ့မှုတွေကြောင့်ပါပဲ။

ပိုင်လီက ပြောင်လက်နေတဲ့ပိုးသားတွေကိုမကြိုက်ပေ။ သူကလှုပ်ရှားရလွယ်ပြီး ပေါ့ပေါ့ပါးပါးရှိတဲ့ အနည်းငယ်အရည်သွေးကောင်းတဲ့ချည်သားမျိုးကိုသာ ရွေးချယ်လိုက်ပြီး...

"ဒီအသားထဲက ဘယ်အရောင်တွေရှိလဲ"

အထည်ဘက်က မိန်းကလေးသည် လက်ဝတ်ရတနာဘက်က မိန်းကလေးမဟုတ်တော့ပေ။ ဒီမိန်းကလေးက ယခင်တစ်ယောက်ထက်ပိုဖော်ရွှေပုံရပြီး...

"ဒီအမျိုးစားက ရေခဲဝါးချည်လို့ခေါ်ပါတယ် အသားကအရမ်းမပါးအရမ်းမထူပဲ နွေရာသီအေးပြီး ဆောင်းရာသီမှာနွေးပါတယ် အကြမ်းတမ်းလည်းခံပြီး တော်ရုံမပြဲတတ်ပါဘူး ဒါကြောင့် သာမာန်ချည်သားတွေထက် စျေးလေးနည်းနည်းပိုပါတယ် ပိတ်တစ်အုပ်ကို ငွေငါးချောင်းပါ အရောင်တွေကတော့ အနု၊အရင့် အစုံရှိပါတယ်"

မချုပ်ရသေးတဲ့ ပိတ်စကို ငွေငါးချောင်းဆိုတာ တကယ်ကိုများလှပါတယ်။ ဒါက သာမာန်လူတွေ တတ်နိုင်တာမျိုး လုံးဝမဟုတ်ပါဘူး။ သို့သော် အသားမှာအိစက်နေပြီး ချည်သားလို့မထင်ရက်စရာဖြစ်နေကာ ရုတ်တရက်ကြည့်ပါက သာမာန်ချည်သားများနှင့်ကွဲပြားမှုမရှိသော်လည်း သေချာကြည့်ပါကမူ အရည်သွေးအလွန်ကောင်းမှန်းသိသာနေမှာပင်။

ဒါကြောင့် ပိုင်လီက ပိုင်မိန်အားကြည့်ကာ...

"သဘောကျတဲ့အရောင်နှစ်ရောင်ပြောလိုက်လေ..."

ပိုင်မိန်ကတော့ ပါးစပ်အဟောင်းသားဖြစ်သွားခဲ့ရသည်။ သူ့ဒုတိယအကိုက သူမကိုနားဆွဲဝယ်ပေးပြီးတာတောင် ဒီလိုစျေးကြီးတဲ့ပိတ်စဝယ်ပေးချင်တုန်းပေါ့။ သူမအကိုက သူမကိုတကယ်ချစ်တာပဲ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now