အပိုင်း (၃၈) စံပါယ်ပင်လေးသုံးပင်

11.2K 1.5K 101
                                    

အပိုင်း (၃၈) စံပါယ်ပင်လေးသုံးပင်

ပိုင်လီက ချောင်ရန်စကားကို လက်ခံလိုက်ကာ ရေနွေးကြမ်းသောက်ရင်း စိတ်ထဲကနေတွေးနေသည်။

ဒါပေါ့ သူသာမရောင်းရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး။ မူလပိုင်လီသာ ခွေးဆန်ပြီး မရောင်းခဲ့ရင်လည်း ဒီလိုပြဿနာတွေတောင် တတ်လာမှာမဟုတ်ပါဘူး။

ပိုင်လီက ဒီကိစ္စကို ချောင်ရန်သိသွားတာနဲ့ အဆက်ဖြတ်လိုက်ကာ စကားလမ်းကြောင်းပြောင်းလိုက်တော့သည်။

"ဒီတော့ အကိုကြီးချောင် လာလည်တဲ့ကိစ္စကိုပြောလို့ရပြီ ဒီတိုင်းလာရုံပဲတော့မကဘူးမလား"

ချောင်ရန်က ဒါကိုကြားတော့ သူ့မျက်နှာကရယ်ကျဲကျဲဖြစ်လာပြီး လုံးဝအရှက်မဲ့စွာနှင့်ပြောလာသည်မှာ...

"အဲဒါကသေချာပေါက် လာရုံတင်ဘယ်ဟုတ်ပါ့မလဲ ငါမနေ့က မြို့လေးကိုအလုပ်ကိစ္စနဲ့လာရင်း မင်းရွာကသိပ်မဝေးတော့ဘူးလို့ ဒီကောင်ပြောတာကြားခဲ့ရတာ"

ချောင်ရန်ပြောသည့်လူမှာ သူနှင့်အတူပါလာသည့် အရင်က ပိုင်လီကိုမြို့လေးထိလိုက်ပို့ဖူးသော ကောင်လေးနှစ်ယောက်ထဲက တစ်ယောက်ပင်ဖြစ်သည်။ ထို့နောက် ချောင်ရန်ကဆက်ပြောလာ၏။

"အဲတာနဲ့ငါလည်း မင်းအိမ်ကိုဝင်လည်ရင်းနဲ့ မင်း​မှာများ အမဲလိုက်ပြီးသားတောကောင်လေးဘာလေးရှိမလားလို့ လာကြည့်လိုက်တာ"

ထိုစကားကြားတော့ ပိုင်လီကရယ်လိုက်မိသည်။ ချောင်ရန်ကတကယ်ကို အသားချစ်သူတစ်ယောက်ပဲ။ သူ့အိမ်က အသေးလေးတွေနဲ့တောင်ပေါင်းထားသင့်တယ်။

ပိုင်လီက ချောင်ရန်ရဲ့ရယ်ကျဲကျဲမျက်နှာကိုကြည့်ကာ ရယ်မိပေမယ့် သူက ဒီနေ့အမဲလိုက်လာတဲ့ဒရယ်ကိုညွှန်ပြကာပြောလိုက်တုန်းပင်။

"ဒါဆိုရင်တော့ အကိုကြီးချောင်ကံကောင်းသွားတာပဲ အရင်ရက်တွေက ရစ်ငှက်လိုလို၊တောယုန်လိုလို အကောင်သေးလေးတွေပဲရတာလေ ဒီနေ့မှ ဒရယ်တစ်ကောင်ရလာခဲ့တာ"

ချောင်ရန်က ပိုင်လီညွှန်ပြသည့်နေရာကိုကြည့်လိုက်တော့ တဲအိမ်လေးဘေးမှာချထားသည့်ဒရယ်ကိုတွေ့လိုက်ရသည်။ ဒရယ်ကိုမြင်တာနဲ့သူ့မျက်ဝန်းတွေက လင်းလက်လာပြီး...

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now