ရုံးတော်၏စီရင်ချက်

9.8K 1.3K 14
                                    

အပိုင်း (၂၃) ရုံးတော်၏စီရင်ချက်

"ဦးလေးကျန်း ဒီလူတွေရဲ့ယုံကြည်မှုက ကျွန်တော်ကအိမ်မလုံခြုံပဲ အပြင်ထွက်သွားတာဖြစ်တဲ့နေရာမှာ ရှိနေပုံရပါတယ် အကယ်၍ ကျွန်တော်သာရုံးတော်ကိုတိုင်ခဲ့ရင် ရုံးတော်လူကြီးမင်းက ကျွန်တော့်ရဲ့ပေါ့ဆမှုကိုထောက်ပြမှာအသေချာပဲ ဒါကြောင့် သူတို့က ကျွန်တော်ရုံးတော်တိုင်မှာကို မကြောက်ကျတာနေမယ် ဒါပေမယ့် ကျွန်တော်က ကိုယ့်အမှားကိုယ်သိလို့ ရုံးတော်ကိုမတိုင်ချင်ပေမယ့် ဒီလူတွေရဲ့မျက်နှာပြောင်တိုက်လွန်းမှုကို ကြည့်မနေနိုင်တဲ့ဘေးလူ တစ်ယောက်ယောက်သာ ဒီအမှုကိုတိုင်ကြားခဲ့တာဆိုပြီး ပြောင်းလဲသွားရင်တော့ ရလဒ်တွေလဲပြောင်းသွားနိုင်မလားလို့ စဥ်းစားမိပါတယ်"

အကယ်၍ ပိုင်လီသည် ကိုယ့်အမှားကိုယ်သိ၍ ရုံးတော်သို့မတိုင်ချင်သော်လည်း ဘေးကကြည့်မနေနိုင်သည့်လူက တိုင်ကြားပေးခဲ့သည်ဆိုလျှင် ပိုင်လီ၏အပြစ်တင်ခံရမှုကလျော့ပါးသွားမှာပင်။

အကြီးကဲကျန်းက ဒါကိုကြားတော့ ယုတ္တိရှိသည်ဟုထင်မြင်သော်လည်း လဲ့ရှီကမူ ယုံကြည်မှုလွန်ကဲနေရှာပါသည်။ သူမက ပိုင်လီရဲ့ပေါ့ဆမှုကလုံးဝမဖုံးကွယ်နိုင်မှာမဟုတ်ဘူးလို့ ယူဆနေရှာ၏။

ဒါကြောင့် သူမမျက်နှာက အရမ်းကိုမော်ချီလို့နေသည်။

အကြီးကဲကျန်းက လဲ့ရှီ၏မျက်နှာထားကို မုန်းလှကာ သူသည် အမှန်ပင်ရုံးတော်သို့မရောက်သွားချင်သော်လည်း ဤအရှက်မဲ့သောလူများသည် ရုံးတော်၏ဆုံးဖြတ်ချက်မပါပဲ ပစ္စည်းများကိုလုံးဝပြန်ပေးမည်မဟုတ်တာကို ခံစားမိတာကြောင့် နောက်ဆုံးအနေနဲ့ မေးလိုက်တော့၏။

"ရှောင်လျိုနဲ့လဲ့ရှီ ငါမင်းတို့ကိုနောက်ဆုံးမေးမယ် မင်းတို့တွေ ပိုင်လီအိမ်ကယူသွားတဲ့ပစ္စည်းတွေကိုပြန်ပေးမလား ရုံးတော်ကိုလိုက်မလား"

ရှောင်လျိုနှင့် ရှောင်မိသားစုဝင်များသည် ရွာအကြီးကဲ၏ သတိပေးမှုပါဝင်သောစကားနှင့် အလွန်တည်တင်းနေသော မျက်နှာထားကြောင့် အနည်းငယ်စိုးရိမ်လာကျသော်လည်း လဲ့ရှီကမူယုံကြည်မှုပြင်းထန်လှသည်။ သူမတွေးတာက နောက်ဆုံးအဖြစ်မှန်ပေါ်သွားရင်တောင် ရုံးတော်လူကြီးမင်းရှေ့ သနားဖွယ်ကောင်းအောင်ငိုပြလိုက်ရင် သူတို့ကိုအပြစ်တင်နိုင်မှာမဟုတ်ဘူးပေါ့။ အလွန်ဆုံးမှ ပစ္စည်းများပြန်ပေးရရုံသာရှိပြီး အခြေနေများကိုပြောင်းပြန်လှန်အောင်ပြောနိုင်ပါက ပစ္စည်းများပင်ပြန်ပေးစရာမလိုလောက်ဘူးဟု ထင်နေကာ သူမက နောက်ဆုံးကိုမရောက်မချင်း ဝန်ခံဖို့အစီစဥ်လုံးဝရှိမနေပေ။ ဒါကြောင့် ရှောင်လျိုဘာမှမပြောနိုင်ခင် အကြီးကဲကျန်းအားကြည့်ကာ...

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now