အပိုင်း (၁၀၀)

8.4K 1K 15
                                    

အပိုင်း (၁၀၀) စပျစ်သီးလေးများအား ခူးဆွတ်ခြင်း

ပိုင်အဖေသည် ချောင်ရန်အား ပြန်ပြုံးခဲ့ပြီး သူက သူ့ရဲ့ဒုတိယသားက အရင်လို မကောင်းတဲ့လူတွေနဲ့ မပေါင်းသင်းတော့ပဲ ချောင်ရန်လိုလူမျိုးနဲ့ မိတ်ဆွေဖွဲ့တာကို အရမ်းကျေနပ်နေခဲ့သည်။

"ဒီကောင်လေးက တကယ်ဘာမှမပြောခဲ့ဘူး ဒါပေမယ့် အားမနာပါနဲ့ ဘာမှမဖြစ်ပါဘူး ဦးလေးတို့ကသာဘာမှမပြင်ဆင်ထားတဲ့အတွက် အားနာသင့်တာပါ"

ချောင်ရန် ဒါကိုကြားတော့ အလျှင်မြန်ငြင်းလာခဲ့ပြီး....

"မဟုတ်တာ မဟုတ်တာ ဒါက ဘာမှမဖြစ်ပါဘူး ပိုင်လီနဲ့ကျွန်တော်က ညီအကိုတွေလိုပဲ ဧည့်သည်တွေလို့မဆိုလိုနိုင်ဘူး ဒါကြောင့် ဘာမှပြင်နေစရာမလိုပါဘူးဗျာ"

ဟုန်ရင်းမှာ ယောင်္ကျားသားများ၏ စကားဝိုင်းကိုထားခဲ့ကာ သူက ခုထိကောငယ်လေးတွေကို လွှတ်မပေးသေးသော သူမရဲ့သမီးအငယ်ဆုံးလေးကို သွားဆွဲခေါ်ခဲ့ရပေသည်။

သူမက ကောငယ်လေးတွေ ဖက်ထားတဲ့ချောင်ချင်းချင်းကို ဆွဲလိုက်ပြီးတော့...

"ချင်းချင်း သမီးတို့ကခုမှတွေ့တာလေ ဒီလိုမလုပ်ရဘူး မောင်လေးတွေလန့်သွားမှာပေါ့"

ဟုန်ရင်း၏စကားအတိုင်းပင် အသေးလေးတွေက အနည်းငယ်လန့်သွားကျပြီး သူတို့က ချောင်ချင်းချင်းလက်မှလွတ်သည်နှင့် ရှောင်ဟန်နောက်သို့ ဝင်ပုန်းနေကျတော့၏။ ချောင်ချင်းချင်းလေးက ဒါကိုမြင်တော့ သူမလေးရဲ့အမေလ​က်ကနေ အသေးလေးတွေကို ပြေးဖက်ဖို့အတွက် ရုန်းကန်မနေတော့ပါဘူး။

ဟုန်ရင်းက သူမသမီးငြိမ်သွားမှ လွှတ်ပေးလိုက်ကာဖြင့်..

"သွား မောင်လေးတွေကို တောင်းပန်လိုက် မင်းလုပ်လို့လန့်သွားကျပြီ"

ချောင်ချင်းချင်းသည် အိမ်တွင် အငယ်ဆုံးလေးဖြစ်ခဲ့ပြီး တစ်ယောက်ယောက်၏ အမကြီးဆိုသည့် အပေါ်အတော်လေး သဘောတွေ့နေခဲ့သဖြင့် သူမလေးက တစ်ခစ်ခစ်ရယ်မောလျက် ကောငယ်လေးများ ပုန်းနေသည့် ရှောင်ဟန်ရှေ့သို့သွားကာ ပြောခဲ့ပေသည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now