အပိုင်း (၁၁၂)

6.7K 896 11
                                    

အပိုင်း (၁၁၂) ကျိုးရှီ၏ပြဇာတ်

ပိုင်လီရဲ့အိမ်မှာ ကျန်ခဲ့တဲ့လူတွေက အေးဆေးနေသေလောက် ပိုင်အိမ်မှာတော့ ပြဿနာအကြီးကြီးတက်နေကျတာပင်ဖြစ်သည်။

ကျိုးရှီက ဘယ်သူ့မှ အနားအကပ်မခံဘဲ အမဲရောင်ဆေးရည်တွေပြည့်နေတဲ့ ပန်းကန်လုံးတစ်ခုကိုင်ထားခဲ့ကာ သူမက ချက်ခြင်းသောက်လို့ရမည့် ဟန်တောင်ပြင်ထားခဲ့ပြီး ပိုင်ကျန်းနှင့် တခြားလူများ၏ မျက်နှာများမှာမူ အလွန်မဲမှောင်လျက်ရှိနေခဲ့၏။

ပိုင်လီတို့အိမ်ထဲဝင်သွားချိန်တွင် မြင်လိုက်သည့်မြင်ကွင်းက ဤကဲ့သို့ဖြစ်ပြီး ကြားလိုက်ရသည့်စကားများမှာမူ ပိုင်ကျန်း၏...

"ကျိုးရှီ! မင်းဘာဖြစ်ချင်နေတာလဲ!"

သူတို့က ရုတ်တရက်ကြီး ဒီမိန်းမက ထဖောက်လာမည်ဟု မမျှော်လင့်ထားခဲ့မိကျပေ။ သူတို့က ဒီရက်တွေမှာ စပျစ်သီးတွေနဲ့ အလုပ်ရှုပ်နေပြီး ချောင်မိသားစုကလည်း အလည်ပတ် ရောက်လာခဲ့ကျတာကြောင့် ကျိုးရှီ ဘာတွေကြံသလဲဆိုတာကို သတိမထားမိခဲ့ကျပါဘူး။

ပိုင်ကျန်း၏ အမေးကိုကြားတော့ ကျိုးရှီမှာ ပန်းကန်လုံးအား သူမပါးစပ်နား ပိုကပ်လိုက်၍...

"ကျွန်မဘာဖြစ်ချင်တာလဲ! ရှင်အခု ကျွန်မဘာဖြစ်ချင်တာလဲလို့မေးတာလား!! ရှင်တကယ်မသိဘူးလား ကျွန်မဘာဖြစ်ချင်လဲဆိုတာကို! ကျွန်မက ရှင့်ဇနီးအဖြစ် ဆက်နေချင်တာ! ကျွန်မတို့ကလေးရဲ့ အမေအနေနဲ့လေ!"

ပြောရင်းဖြင့်ကျိုးရှီသည်မျက်ရည်များစီးကျလာခဲ့ပြီး...

"ပိုင်ကျန်း! ကျွန်မက ရှင့်ရဲ့ဇနီးအဖြစ် ဆယ်နှစ်ကျော်တောင်နေခဲ့ပြီးပါပြီ အခု ကျွန်မ အမှားလေးတစ်ခုလုပ်တာကို ကျွန်မကိုကွာရှင်းတယ်ပေါ့! ကွာရှင်းခံရဲတဲ့ မိန်းမတွေ ဘယ်လိုနေထိုင်ရလဲဆိုတာ ရှင်တကယ်မသိဘူးလား! ကျွန်မကရှင့်ရဲ့ဇနီးပါ ရှင်ဘယ်လိုလုပ် အသည်းနှလုံးမရှိရတာလဲ!!"

ကျိုးရှီ၏ လက်ရှိပုံသည် အလွန်မတရားခံရသည့် သနားစဖွယ် အမျိုးသမီးတစ်ဦးကဲ့သို့ပင်။ သူမက ပိုင်လီရဲ့မူရင်းဘဝက ဒရမ်မာဇာတ်လမ်းတွေထဲက ဇာတ်နာနေတဲ့ အမျိုးသမီးဇာတ်လိုက်နဲ့တောင် တူနေပါသေးတယ်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now