မုဆိုးကြီး၏ငွေသုံးကြမ်းမှုပေါက်ကြားခြင်း

11.6K 1.5K 46
                                    

အပိုင်း (၂၉) မုဆိုးကြီး၏ငွေသုံးကြမ်းမှုပေါက်ကြားခြင်း

ရှောင်ဟန်ကသာ ပိုင်လီကိုပြောဖို့အခက်တွေ့နေပေမယ့် သူ့မျက်နှာကအမူယာကိုကြည့်ပြီး ပိုင်လီကတော့တစ်ခုခုကြောင့်ဆိုတာ ရိပ်မိသွားတုန်းပါပဲ။

သို့သော် သူကရှောင်ဟန်မပြောလိုတာကိုအတင်းမေးမည်မဟုတ်ဘဲ နောက်မှ ပိုင်မိန်ကိုဖြစ်ဖြစ် တုရှီကိုဖြစ်ဖြစ် မေးလည်းရနိုင်သည်။ ဒါကြောင့် သူက မသိချင်ယောင်သာဆောင်ပြီး လူအုပ်ထံပြန်မသွားခင် နောက်ဆုံးပြောခဲ့သည်မှာ...

"ငါကမင်းကိုဝတ်ထားလို့ရတယ်လို့ပြောရင် ဝတ်ထားလို့ရလို့ပဲ ကျန်တာကိုတွေးနေစရာမလိုဘူး"

ထို့နောက် အသေးလေးတွေကိုချီရင်း လူအုပ်ထဲပြန်သွားလိုက်ကာ ထိုအချိန်၌ လူများကလည်း ရုံးတော်၌ဖြစ်ခဲ့သည်များကို ပြောလို့ပြီးသွားကျပြီဖြစ်ပြီး ရွာမှလူများက မယုံကြည်နိုင်ဖြစ်နေကျရှာသည်။

"တကယ်ကြီး လဲ့ရှီနဲ့ရှောင်သားအဖက ငါတို့ကသူတို့မုန်းလို့ ဝိုင်းထောင်ခြောက်ဆင်တယ်လို့ပြောခဲ့တာပေါ့!"

"သူတို့ကဘယ်လိုတောင်ပြောနိုင်ရတာလဲ! ငါတို့ကဖြင့် သူတို့စီကလှည်းမငှားတာအပြင် ကျန်တာအဆင်ပြေပါတယ်"

"ဟုတ်တယ် ဒီမိသားစုက တကယ်ကြီး ငါတို့ရွာကလူတိုင်းက သူတို့ကိုမုန်းနေတယ်ထင်နေတာလား "

"ဒီမိသားစုက အချက်နှစ်ဆယ်အရိုက်ခံရတာ အရမ်းနည်းတယ် သူတို့ကိုဆယ်နှစ်လောက်ဖမ်းချုပ်ထားရမှာ။

"ငါ့အထင်တော့ဒါလဲ့ရှီရဲ့အကြံဖြစ်နိုင်တယ် သူမကငါတိုရွာကမဟုတ်ပဲ သူ့တို့သားကို သူမရွာကမိန်းကလေးနဲ့ပဲလက်ထပ်ပေးခဲ့တာပဲကြည့် သူမကအရင်ထဲကငါတို့ရွာကိုမုန်းတာများလား"

"ဟမ့်! သူမကငါတို့ကိုမုန်းလည်းဘယ်သူကဂရုစိုက်မှာလဲ ငါတို့ကသူတို့ကသူတို့အပေါ်ကျေးဇူးအကြွေးတစ်ခါမှမတင်ဖူးဘူး!!"

"ဟုတ်တယ် သူမကရဲတင်းလွန်းတဲ့မိန်းမပဲ ရုံးတော်မှာလိမ်ညာထွက်ဆိုရဲတဲ့အပြင် သက်သေအတုပါတင်သွင်းလိုက်သေးတယ် အကြီးကဲကသူတို့ကိုရွာကနှင်မထုတ်လည်း ငါကတော့ငါ့မိသားစုကို သူတို့နဲ့မပတ်သက်ဖို့ပြောထားရမှာပဲ "

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now