ဟင်းလင်းပြင်လေလံပွဲ

10.6K 1.4K 23
                                    

အပိုင်း (၅၅) ဟင်းလင်းပြင်လေလံပွဲ

သို့သော် ဤနေရာ၌လူများ အလွန်များနေလေရာပြောရန်မသင့်တော်သေးသဖြင့် ချောင်ရန်ကနောက်မှပြောရန်သာဆုံးဖြတ်လိုက်သည်။

ပိုင်လီကမူ ဟုန်ရင်းအား ယဥ်ကျေးစွာပြုံးပြလိုက်ပြီး "မရီး.."ဟုခေါ်ကာ နှုတ်ဆက်လိုက်၏။ သူကချောင်ရန်ကို အကိုကြီးလို့ခေါ်မှတော့ ချောင်ရန်ရဲ့ဇနီးကလည်း သူ့ရဲ့မရီးပဲပေါ့လေ။

ဟုန်ရင်းက ပုံမှန်ဆိုလျှင်အနည်းငယ်အေးစက်သော သဘာဝရှိသော်လည်း သူမကပိုင်လီကိုမူယဥ်ကျေးစွာပြန်ပြုံးပြခဲ့ပြီး...

"ဒီတော့ ဒါကမောင်လေးပိုင်ပေါ့ မင်းရဲ့မရီးက စံပါယ်ပင်အတွက် မင်းကို ကိုယ်တိုင်ကိုယ်ကျကျေးဇူးတင်ချင်နေတာ ဒီနေ့တော့ လူကိုယ်တိုင်တွေ့ရပြီ မင်းအသားရောင်းပြီးရင် အိမ်ကိုလိုက်လည်ရမယ်နော်"

ချောင်ရန်ကလည်း အရင်ထဲက ပိုင်လီဆိပ်ကမ်းမြိ​သို့ထပ်လာပါက သူ့အတွက်အချိန်ပေးရမည်ဟုပြောထားကာ ယခုလည်း ဟုန်ရင်းက ဖိတ်ကြားလာသဖြင့် ပိုင်လီက ငြင်းရန်အကြောင်းမရှိတော့ပေ။ သူကသူ့ရဲ့မူပိုင်ဖြစ်တဲ့ ဖော်ရွေတဲ့အပြုံးလေးနဲ့ပဲ...

"ဒါက အကိုကြီးနဲ့မရီးတို့ကို နှောက်ယှက်သလိုတော့ မဖြစ်ဘူးမလား"

ဒါကိုကြားတော့ ဟုန်ရင်းကအမြန်ပင်ပြန်ဖြေလာခဲ့သည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မဖြစ်ဘူး မဖြစ်ဘူး"

ချောင်ရန်သည်လည်း သူ့ဇနီးနည်းတူမဖြစ်ပါဘူးဟုပြောတော့မည့်အချိန်တွင်သူတို့၏နှုတ်ဆက်ခန်းအားကြည့်နေရသောလူအုပ်ကြီးကစိတ်မရှည်ဖြစ်လာကျကာချောင်ရန်နှင့်ရင်းနှီးသောကုန်သည်တစ်ယောက်ကရှေ့ထွက်လာပြီး...

"ဝေ့ ချောင်မျိုးရိုး မင်းတို့ခုထိမိတ်ဆက်လို့မပြီးသေးဘူးလား ငါတို့ကိုမင်းတို့ရဲ့တွေ့ဆုံပွဲကိုကြည့်ဖို့ခေါ်ထားသလိုဖြစ်နေပြီကွ ဝက်ဝံသားရှိရင်လည်းမြန်မြန်သာရောင်းလိုက်ပါတော့ကွာ"

တစ်ယောက်ကထပြောလာပြီဖြစ့သဖြင့် ကျန်သည့်လူများကလည်း တစ်ယောက်တစ်ပေါက်ထပြေလာနေကျတော့သည်။ တခြားကုန်သည်တစ်ယောက်ကလည်း...

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now