အပိုင်း (၁၂၉)

6.3K 848 13
                                    

အပိုင်း (၁၂၉) ဇနီးလေးရွေးပေးသည့်လက်ဆောင်-4

အပြာရောင်ကျောက်စိမ်းက မထင်မှတ်ဘဲ ဝယ်ဖြစ်သွားတာဖြစ်ပြီး တစ်ခုထဲနဲ့တင် ရွှေချောင်းငါးရာကျော်သွားခဲ့သည်။ ဒါကြောင့် ရှောင်ဟန်က သူ့အတွက် ထပ်မဝယ်ဖို့ ပြောခဲ့ပေမယ့် ပိုင်လီကတော့ ဒါကို သိပ်လက်မခံချင်ပါဘူး။ သူ့ဇနီးလေးက သူ့အတွက် ရွေးပေးတာကပေးတာပဲလေ။ အဲဒီနှစ်ခုကဘာမှမှမဆိုင်တာ။

ထို့ကြောင့်ပဲ ပိုင်လီက ရှောင်ဟန်အား လက်ဝတ်တရာများ ထပ်ရွေးခိုင်းလို့ မရသည့်နောက်ဆုံး၌ အရောင်မတူသည့် ကျောက်စိမ်းလက်စွပ် လေးကွင်းကိုထပ်ရွေးခဲ့ကာ စုစုပေါင်းရှောင်ဟန်အတွက် ကျောက်စိမ်းလက်စွပ် ငါးကွင်းကိုဝယ်ယူခဲ့ပေသည်။

ရှောင်ဟန်က သူ့ခင်ပွန်းကို မတားနိုင်တဲ့အတွက် ကြည့်ရုံသာ ကြည့်နေခဲ့ရပါတယ်။

နောက်တော့ လူကြီးတွေက ရွေးချယ်လို့ပြီးသွားကျပြီး ကောငယ်လေးတွေသာ ကျန်နေတော့သဖြင့် သူတို့လေးတွေကို အကုန်လုံးက ဝိုင်းရွေးပေးခဲ့ကျ၏။ သို့သော်လည်း ထိုအသေးလေးများက ရွေးချယ်စရာများထဲမှ တစ်ခုခုကို မရွေးနိုင်ဖြစ်နေကျပြီး နောက်တော့  ရှောင်ဖူလေးသည် ရုတ်တရက် ဒေါ်လေးငယ်လို ပုလဲလေးများကိုပဲ လိုချင်သည်ဟုပြောလာ၍ ပိုင်လီက ရှောင်ဖူအတွက် အဖြူရောင်ပုလဲထည် တဆင်စာကိုဝယ်ယူပေးခဲ့ပေသည်။ ရှောင်ဝူကလည်း မရွေးနိုင်ဖြစ်နေတဲ့အဆုံး သူ့အကိုလိုပဲ ယူခဲ့တာကြောင့် ဒီနေ့ရဲ့ လက်ဝတ်ရတနာဝယ်ခြင်းက ဒီလိုနဲ့ပဲပြီးဆုံးသွားခဲ့ပါတယ်။

ငွေရှင်းတဲ့အချိန်မှာတော့ ပိုင်လီရဲ့အပြာရောင်ကျောက်စိမ်း ခါးချိတ်အဆောင်က ရွှေချောင်းငါးရာ့နှစ်ဆယ်နဲ့ ရှောင်ဟန်ရဲ့ လက်စွပ်ငါးကွင်းက အကုန်လုံးပေါင်း ရွှေချောင်းတစ်ရာ့ငါးဆယ်လောက်ကျသင့်ခဲ့၏။ ထပ်ပြီး ပိုင်မိန် ရွေးထားသည်ပစ္စည်းများသည် အနီရောင်ကျောက်စိမ်း လက်ကောက်တစ်ရံက တစ်ရာ့ခြောက်ဆယ်ကျသင့်ခဲ့၍ လက်စွပ်နှင့် ခါးချိတ်အဆောင်လေးကမူ နှစ်ခုပေါင်း ရွှေချောင်းတစ်ရာ့နှစ်ဆယ် ကျသင့်ခဲ့လေသည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now