အပိုင်း (၁၂) တစ်ချိန်က အမှိုက်ကောင်ကပြောင်းလဲသွားပြီတဲ့

13K 1.6K 30
                                    

အပိုင်း (၁၂) တစ်ချိန်က အမှိုက်ကောင်ကပြောင်းလဲသွားပြီတဲ့

ပစ္စည်းများပုံနေသော ပိုင်လီ၏လှည်းသည် ရွာသားများ၏မျက်လုံးများရှေ့မှ ဖြည်းညှင်းစွာဖြတ်မောင်းလာခဲ့သည်။ သူက ဒီလူတွေသိအောင်ပြောပြရမယ်။ ပိုင်အိမ်ကဒုတိယသားပိုင်လီက အရင်လိုမဟုတ်ပဲပြောင်းလဲသွားပြီဆိုတဲ့အကြောင်းကိုပေါ့။

ပိုင်အဖေတို့က ပိုင်လီထက်နှစ်နာရီလောက်စောပြီး ရွာကိုပြန်ရောက်ခဲ့တာဖြစ်ပြီး လူတွေကစပ်စုချင်တာကြောင့် ပိုင်အိမ်မှာစုဝေးခဲ့ကျပေမယ့် ပိုင်လီကမြို့လေးမှာနေခဲ့တယ်ဆိုတဲ့အကြောင်း သိရတဲ့အခါ သူတို့မျက်နှာတွေကထူးဆန်းကုန်ကျတော့သည်။ သူတို့တွေးမိတာ အမှိုက်က နောက်ဆုံးမှာတော့ အမှိုက်ပါပဲလားဆိုပြီးတော့ပေါ့။

ရွာသားတွေက တောဝက်တွေရောင်းတာကနေ ငွေဘယ်လောက်ရခဲ့ကြောင်းဝိုင်းမေးကျတော့ ရွာအကြီးကဲက ငွေချောင်းခြောက်ရာကျော်လောက်လို့သာ ထိန်ချန်ပြောခဲ့ပြီး အမှန်ကိုမပြောခဲ့ဘူး။ ရွာသားတွေက တောဝက်ပေါက်စျေးနဲ့ယှဥ်ကြည့်ရင်လည်းထိုငွေပမာဏနဲ့က အနည်းငယ်ပဲကွာနေမှာဖြစ်ပြီး ဘယ်တော့မှ ချမ်းသာကြွယ်ဝမှုအကုန်ကို ထုတ်မပြသင့်တာကို ရွာအကြီးကဲကဆင်ခြင်ခဲ့ခြင်းပင်။

သို့သော်လည်း ငွေချောင်းခြောက်ရာဆိုတာက လယ်သမားတွေအတွက်တော့ အလွန်ကိုများပြားလှပြီး သူတို့တစ်ခါမှမပိုင်ဆိုင်ခဲ့ဖူးတဲ့ပမာဏဖြစ်တဲ့အတွက် တော်တော်များများကမနာမဖြစ်ပဲမနေနိုင်ကျဘူး။ ဒါပေမယ့် ပိုင်လီကမြို့လေးမှာနေခဲ့တယ်လို့ကြားတဲ့အခါ အဲဒီငွေချောင်းခြောက်ရာကျော်က မကြာခင်ကုန်သွားမှာပဲလို့ တွေးမိကျပြီး မျက်နှာတွေက လှောင်ပြောင်တဲ့မျက်နှာထားတွေဖြစ်လာကာ အလုပ်လုပ်ရင်း အတင်းပြောဖို့ပြန်သွားကျတော့သည်။

ပိုင်မိသားစုက မျက်နှာမကောင်းသလို ရွာအကြီးကလည်းသက်ပျင်းချနေလေကာ ရှောင်ဟန်ကလည်း အရမ်းဖြူဖျော့နေပြီး သူ့ကြည့်ရတာ အဖျားကပိုဆိုးလာတဲ့ပုံလိုပဲ။

အားလုံးပြန်သွားပြီးတဲ့နောက်မှာ ပိုင်မိသားစုနဲ့ကျန်းမိသားစုတွေက ရငွေအမှန်ကိုပြောကျသဖြင့် ရှောင်ဟန်က သူ့ခွင်ပွန်းကငွေချောင်းတစ်ထောင်ကျော်ရလာမှန်းသိသွားခဲ့ပြီး သူမစိုးရိမ်ပဲမနေနိုင်ခဲ့ပေ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now