အပိုင်း (၄၃)

9.9K 1.3K 28
                                    

အပိုင်း (၄၃) နန်ချောင်းရွာကရွာသားတစ်ဦးသေဆုံးခြင်း -3

ထိုနေ့တွင် ပိုင်လီက တောထဲမသွားဖြစ်သော်လည်း အားလပ်မနေခဲ့ပေ။ သူက နံရံဆောက်တဲ့နေရာမှာဝင်မကူရပေမယ့် သူ့အိမ်အတွက် ထင်းတဲလေးဆောက်ခဲ့ပြီး မနက်ခင်းကိုအလုပ်ရှုပ်စွာပင် ကုန်ဆုံးစေခဲ့သည်။

နေမွန်းတည့်ချိန်တွင် ရှောင်ဟန်ကအိမ်လေးထဲမှာ ထမင်းပွဲပြင်နေပြီး ပိုင်လီက တမနက်ခင်းလုံးဆော့ကစားထားတဲ့အသေးလေးတွေကို လက်ဆေးပေးနေ၏။ ထိုအချိန်မှာပင် အကြီးကဲအိမ်က ကျန်းချင်တစ်ယောက် ကရောသောပါးပြေးလာပြီး...

"အစ်ကိုပိုင်လီရေ! တစ်ခုခုဖြစ်နေပြီဗျ!!"

ပိုင်လီက သူ့အိမ်ကရေတွင်းဘေးမှာရှိနေတာဖြစ်ပြီး ဒီအသံကိုကြားလိုက်တော့ ကျန်းချင်ကိုလှမ်းကြည့်လိုက်၏။

ကျန်းချင်အကြောင်းပြောရရင် ဒီကောင်လေးကထူးဆန်းတယ်။ သူက သူ့အဖေစာလေ့လာခိုင်းတာကနေ စာမလုပ်ချင်ဘဲ အလုပ်လုပ်ဖို့ ပိုင်လီရဲ့အိမ်ကိုခိုးထွက်လာတက်တယ်လေ။

ပိုင်လီက မတွေးမိပဲမနေနိုင်ပေ။

ကျန်းချင်က အနည်းငယ် ကလေးဆန်ကာ စူးစမ်းတတ်တဲ့အကျင့်လေးလည်းရှိပြီး ပိုင်မိန်ကလည်း သူ၏အကျင့်များနှင့် သိပ်ကွာခြားနေတာမျိုး မရှိလေတော့ ဒီနှစ်ယောကိကိုသာ တကယ်ကြီးလက်ထပ်ပေးလိုက်မယ်ဆိုရင် နည်းနည်းတော့ စိုးရိမ်စရာကောင်းလိမ့်မယ်ဟုထင်ရသည်။

ပိုင်အဖေက ပိုင်လီရေတွင်းနားရောက်နေတာသိတော့ သူကပဲမေးလိုက်၏။

"ရှောင်ချင် မင်းခိုးထွက်လာပြန်ပြီလား ဘာတစ်ခုခုဖြစ်သွားလို့လဲ "

လက်ရှိ ပိုင်လီ၏အိမ်တွင် လူများပြည့်လျက်ရှိသည်။ ပိုင်လီတို့မိသားစုနဲ့ ပိုင်မိသားစုက မနက်အစောစာစားထားကျလို့ ခုမှနေ့ခင်းစာစားမှာပေမယ့် တခြားလူတွေကတော့ ကိုးနာရီနဲ့ဆယ်နာရီဝန်းကျင်ကြားမှာစားကျတယ်လေ။ ဒါကြောင့် သူတို့တွေက ထမင်းစားပြန်သွားရာကနေ ပြန်လာကျပြီဖြစ်သည်။

ထို့ကြောင့် ကျန်းချင်ကရုတ်ရုတ်သဲသဲပြေးလာချိန်တွင် သူတို့တွေကအလုပ်တွေကိုရပ်ပြီး နားစွင့်လာကျတော့၏။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now