စပျစ်သီးခူးဖို့သွားခြင်း

9.3K 1.1K 15
                                    

အပိုင်း (၉၆) မိသားစုလိုက် စပျစ်သီးခူးဖို့သွားခြင်း

ထို့ကြောင့် နောက်တစ်နေ့တွင် ပိုင်လီက သူ့မိသားစုကို မြို့လေးသို့ ဆွဲခေါ်သွားခဲ့တော့သည်။ ဒါပေါ့ ပိုင်မိန်လေးကလည်း မပါမဖြစ်ပါပဲ။ ထူးခြားတာတစ်ခုမှာ ဒီတစ်ခေါက်၌ ပိုင်အမေလည်း လိုက်လာခဲ့ခြင်းပင်။

တကယ်တော့ ဒီမှာ သူတို့တွေ အများကြီးဝယ်စရာမရှိပါဘူး။ အဓိကကတော့ ဆောင်းတွင်းဝတ်တွေနဲ့စားစရာတွေဝယ်ဖို့ဖြစ်ပြီး ထပ်စောင်းအနေနှင့် သူတို့က ကျွဲတွေကိုလည်း ဝင်ကြည့်ဖြစ်ခဲ့ကျသေးသည်။

ပိုင်လီက သူတို့တွေကို အဝတ်စားဆိုင်တွေသို့ တစ်ဆိုင်ပြီးတစ်ဆိုင် ခေါ်သွားခဲ့ပြီး အသေးလေးတွေနဲ့ ပိုင်မိန်လက်ညိုးထိုးသမျှ အထည်တွေကို ဝယ်ပေးခဲ့လိုက်၏။ ဒါပေါ့ ဘာမှ ဝယ်ခိုင်းမှာမဟုတ်တဲ့ ရှောင်ဟန်အတွက်ကိုတော့ ပိုင်လီကိုယ်တိုင်ပဲရွေးပေးခဲ့ရပြီး ပိုင်အမေမှာ သူမနဲ့ ပိုင်မိသားစုကလူတွေအတွက်ကို ပိုင်လီအား မဝယ်ပေးစေဘဲ သူမဘာသာဝယ်ခဲ့ကာ သူတို့က အထည်တွေချုပ်ဖို့အတွက်ကိုတော့ မြို့လေးကဆိုင်တွေမှာပဲ အပ်ထားခဲ့လိုက်ကျသည်။

စားစရာတွေအတွက်မူ ပိုင်လီသည် အရူးတစ်ယောက်လို မြင်မြင်သမျှဝယ်နေသဖြင့် ပိုင်အမေနှင့်ရှောင်ဟန်က သူ့အား ဆိုင်တွေထဲမှ ဆွဲထုတ်၍တောင်ယူခဲ့ရတာဖြစ်၏။ သူတို့က ပိုင်လီက ပစ္စည်းဝယ်တဲ့အခါ ဒီလောက်ရူးသွပ်လိမ့်မယ်လို့ တကယ်မထင်ထားခဲ့ပါဘူး။ ဒါက ဘယ်လိုတောင် ငွေဖြုန်းချင်တဲ့အကျင့်ပါလိမ့်။

သူတို့သည် ပိုင်လီအား အများကြီးမဝယ်မိအောင် တားနေသည့်ကြားမှ ပစ္စည်းများသည် လှည်းအပြည့်ဖြစ်မိအောင် ဖြစ်သွားသေးပြီး အဲဒီနောက် သူတို့က ကျွဲသုံးကောင်ကိုလည်း သဘောကျသဖြင့် ဝယ်လာခဲ့ကျသေးသည်။

သုံးကောင်က သူတို့လိုတဲ့ပမာဏနဲ့ နည်းနည်းမှမနီးစပ်သေးသော်လည်း သူတို့ကကျွဲရောင်းသူများထံသို့ အကယ်၍ ကောင်းမွန်သည့်ကျွဲများရှိပါက နန်ချောင်းရွာက ပိုင်မိသားစုသို့ လာရောင်းနိုင်ကြောင်းမှာကြားခဲ့သဖြင့် သိပ်စိတ်ပူခြင်းမရှိပါချေ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now