ဇနီးလေး ကိုယ်မင်းကို ဂရုစိုက်ပေးမယ်

5.9K 793 19
                                    

အပိုင်း (၁၂၅) ဇနီးလေး ကိုယ်မင်းကိုဂရုစိုက်ပေးမယ်

နောက်တစ်နေ့မနက် ရှောင်ဟန်အိပ်ရာထလာချိန်တွင် သူ့ခင်ပွန်းရော ကလေးတွေရောက မနိုးသေးပေ။ နွေဦးကို ပြန်ရောက်လာပြီဖြစ်တဲ့အတွက် ရှောင်ဟန်က စောစောထနိုင်နေပါပြီ။

သူက ထလာချိန်တွင် အရင်တိုင်းပဲထင်နေပြီး သူတို့အိမ်၌ တခြားသူများ ရှိနေသေးသည်ကို မေ့နေခဲ့သည်။ ဒါကြောင့် သူ့မိသားစုအတွက် မနက်စာဘာချက်ရမလဲလို့ စဥ်းစားရင်း အိမ်လေးထဲက အပြင်ထွက်လာတဲ့အချိန်မှာ အပြင်မှာ ရှင်းလုနဲ့ကျူးလင်က အပင်တွေရေလောင်းနေတာကို တွေ့လိုက်ရပါတယ်။ ထပ်ပြီး ထော့နဲ့ထောနဲ့ဖြစ်နေတဲ့ ကတုံးလေးက ခြံထဲမှာ အမှိုက်လှဲနေခဲ့တယ်။

အဲဒီတော့မှ ရှောင်ဟန်က သူတို့အိမ်မှာ တခြားလူတွေလည်း ရှိနေပြီဆိုတာကို သတိရသွားတော့၏။

မနေ့ညနေက သူတို့ရဲ့တဲအိမ်လေးက အလွန်သေးငယ်တာကြောင့် ဒီမိန်းကလေးသုံးယောက်အတွက် ယာလီဝါးတဲလေးတစ်ခုကို အလျှင်မြန် ဆောက်ခဲ့ကျရပြီး ကျန်တဲ့ ယောင်္ကျားလေးတစ်ယောက်ကတော့ သစ်တော်သီးပင်တွေအောက်မှာ လှည်းထိုးပြီး အဲဒီအပေါ်မှာ ဖြစ်သလိုအိပ်ခဲ့လေသည်။

ရှင်းလုနဲ့ကျူးလင်က အစကတော့ သူတို့ရဲ့သခင်မိသားစုက ဒီလောက်ထိ ဆင်းရဲလိမ့်မည်ဟု မထင်ထားလို့ လန့်သွားခဲ့ကျပေမယ့် ဒါက ယာယီပဲဖြစ်ပြီးသူတို့ရဲ့သခင်ကြီးက အိမ်တော်ဆောက်ဖို့အတွက် လူတွေတောင် ငှားပြီးပြီလို့သိရတဲ့အခါ သူတို့ကစိတ်သက်သာရာရသွားခဲ့ကျသည်။ ဟုတ်သားပဲ ဘယ် လယ်သမားမိသားစုကများ အရမ်းမချမ်းသာပဲနဲ့ အစေခံတွေကိုဝယ်မှာတဲ့လဲလေ။ ဒါကြောင့် သူမတို့က အလွန်တတ်ကြွနေခဲ့ကျပြီး ခုထိအိပ်နေစဲ ကျားယန်ထက် သူမတို့က ပိုမိုကောင်းမွန်သော အစေခံများဖြစ်ကြောင်းကို ပြချင်နေခဲ့ကျပေသည်။

ပိုင်လီဝယ်လာတဲ့ အစေခံငါးယောက်မှာ ကျီထုက ပိုင်အိမ်ကိုသွားရတဲ့အတွက် သူတို့လေးယောက်ပဲကျန်ခဲ့ပါတယ်။ အဲဒီထဲမှာ ကျားယန်က ခုထိမထသေးတဲ့သူဖြစ်ပြီး သူမက သခင်ဖြစ်သူတွေထက်တောင် အိပ်ယာထနောက်ကျနေတယ်လေ။ ရှင်းလုနဲ့ကျူးယန်နေခဲ့တဲ့ အိမ်တော်ကြီးမှာသာ ဒီလိုနေရင် အကြီးတန်းအစေခံတွေရဲ့ ရိုက်နှက်ခြင်းကိုသေချာပေါက်ခံရမှာပဲ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now