အပိုင်း (၁၂၅)

5.6K 862 8
                                    

အပိုင်း (၁၂၅) ယွီလျန်ဟွားတွင်ငွေတချို့ဖြုန်းခြင်း

"ရပါတယ် ကျွန်တော်တို့အတွက် တခြားသူတွေ ပြပေးလည်းအဆင်ပြေတယ် အမျိုးသမီးစန်း အရင်ရောက်တဲ့သူကိုပဲ ဦးစားပေးလိုက်ပါ"

ဒါကိုကြားတော့ တာဝန်ခံအမျိုးသမီးစန်းသည် အာတုံ့အားနာအပြုံးလေးဖြင့် တခြားကောင်မလေးများအား ပိုင်လီတို့အတွက် ရတနာတွေယူပြပေးဖို့ ညွှန်ကြားခဲ့ပြီး သူမကတော့ ခုနက အမျိုးသမီးထံ ပြန်သွားခဲ့လေသည်။ ဒါပေမယ့် အမျိုးသမီးစန်းက မပျော်ပါဘူး။

အရင်တစ်ခါက ပိုင်လီက တစ်ခါထဲနဲ့ ရွှေချောင်းထောင့်သုံးရာဖိုး ဝယ်ယူသွားခဲ့ပြီး ဒါက သူမတို့ဆိုင်မှာ တစ်ခါထဲနဲ့ ပမာဏအများကြီးဝယ်သူတွေထဲမှာ အများဆုံးဝယ်ယူမှု မဟုတ်သေးပေမယ့်လည်း ဒီပမာဏက လှစ်လျူရှူလို့မရနိုင်ပါဘူး။ ဒါကြောင့် သူမက ကုန်သည်ချင်ရဲ့ ဒုတိယဇနီးကို စိတ်ထဲကနေ ငြီးတွားပြောဆိုလိူက်ပါတယ်။

မင်းက အများဆုံးဝယ်မှ ရွှေချောင်းတစ်ရာနဲ့ နှစ်ရာပတ်ချာလည်လောက်ပဲကို မုဆိုးပိုင်က အရင်တစ်ခါကလို ဒီတစ်ခေါက်လည်း ရွှေချောင်းထောင်ချီဖိုးလောက် ဝယ်နိုင်တယ်ဆိုတာ သိရဲ့လား။ မင်းက ငါ့စီးပွားရေးကို လာနှောက်ယှက်နေတာပဲ။

သို့သော် သူမသည် ဒါကိုထုတ်မပြောဝံချေ။ အမျိုးသမီးစန်းက သတင်းစုံတဲ့သူတစ်ယောက်ပါ။ကုန်သည်ချင်က ပြီးခဲ့တဲ့လကမှ မြှောက်စားထားတဲ့  ဒီဒုတိယဇနီးကို အရမ်းမျက်နှာသာပေးနေတယ်လို့ သူမကြားထားတာကြောင့် သူမက ဒီတစ်ယောက်ကို သည်းခံပေးဖို့ပဲတတ်နိူင်ပါတယ်။ သူမက ကုန်သည်ချင်ကို အပြစ်မပြုမိချင်ဘူးလေ။

ထို့ကြောင့် သူမသည် ကုန်သည်ချင်၏ ဒုတိယဇနီးအား လက်ဝတ်ရတနာများ ပြပေးနေရပြီး ပိုင်လီတို့ကို​မူ တခြားကောင်မလေးများက ပြပေးခဲ့သည်။

ယွီလျန်ဟွားလိုဆိုင်ကြီးမှာ လက်ရာတူပြီး အရည်သွေးမတူတဲ့ပစ္စည်းတွေနဲ့ အရည်သွေးတူပြီးလက်ရာမတူတဲ့ အမျိုးစားတွေက အများရှိတာကြောင့် သူတို့က ဧည့်တွေကို သီးသန့်စီပြပေးနိုင်တာကကောင်းကွက်တစ်ခုပါပဲ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now