စံပါယ်ပင်လေးအကြောင်းအားနှုတ်ပိတ်ခြင်း

5.9K 825 3
                                    

အပိုင်း (၁၁၉) စံပါယ်ပင်လေးအကြောင်းအား နှုတ်ပိတ်ခြင်း

"သူတို့ပြန်ရောက်နေပြီလား ဒါဆိုအတော်ပဲပေါ့ ဒီနေ့ကျွန်တော်က ဝိုင်တချို့ယူလာတာ သုံးလုံးက အကိုကြီးတို့အတွက် တစ်လုံးက သူတို့ပြန်လာရင် ကြည့်ဖို့ပေးခိုင်းမလို့ကို ပြန်ရောက်နေပြီဆိုမှတော့ တစ်ခါတည်း ညှိနိူင်းသွားလိုက်တာကပဲ ပိုကောင်းပါတယ်"

ဒါကိုကြားတော့ ချောင်ရန်ကလည်း သဘောတူသည်ပင်။ သူကကြားထဲက ညှိပေးရမှာထက်စာရင် ကာယကံရှင်တွေပဲ လူချင်းတွေ့ပြီး ပြောကျတာကပိုကောင်းပါတယ်။

ထို့ကြောင့် သူသည် အိမ်ကအစေခံတစ်ယောက်အား သူ၏ မိတ်ဆွေကုန်သည်ဇနီးမောင်နှံထံသို့ ချက်ခြင်း စေလွတ်လိုက်တော့ပြီး ထိုလးများရောက်မလာခင်၌ ပိုင်လီနှင့်စကားပြောနေလိုက်သည်။

"ဒီတော့ မင်း အိမ်အသစ်ဆောက်တော့မယ်ပေါ့"

ပိုင်လီက ခေါင်းငြိမ့်ပြလာတော့ ချောင်ရန်မှာထပ်ပြောလာခဲ့၏။

"ကောင်းတယ် မင်းကအခု လယ်သူဌေးတစ်ယောက်ဆိုတော့ အိမ်အကြီးကြီးနဲ့နေတော့မှပေါ့ မင်းမှာငွေလည်းရှိနေပဲကို ကြီးကြီးကျယ်ကျယ်ကို ဆောက်ပြစ်ကွာ "

ပိုင်လီမှာ ဒါကိုကြားတော့ ရယ်မောလိုက်မိ၏။ ချောင်ရန်က ဒီလိုပြောနေပေမယ့် သူဆောက်မယ့် အိမ်တော်ဒီဇိုင်းတွေသာမြင်ရင် အရမ်းအံသြသွားမှာသေချာသည်။ ဘာလို့လဲဆိုတော့ ပိုင်လီနဲ့ရှောင်ဟန်နေမယ့် ပင်မခြံဝန်းတစ်ခုကပဲ ရိုးရိုးရှင်းရှင်းနဲ့ခန့်ခန့်ထည်ထည်ပုံဖြစ်ကာ ကျန်သည့် အသေးလေးတွေ၏ ခြံဝန်းများကိုမူ ပိုင်လီက သူ့မူရင်းဘဝက မြင်တွေ့ဖူးသည့် ရှေးခေတ်အိမ်တော်များ၏ အလှတရားများကိုစုပေါင်းကာ အလှဆုံးဒီဇိုင်းများကို ပြင်ဆင်ပေးထားလို့ပင်။

ပိုင်လီက သူနေမယ့်နေရာကို ဘာနေနေ ဂရုမစိုက်ပေမယ့် ရှောင်ဟန်က အေးဆေးတဲ့လူမလို့ သူတို့အတွက်ကို ရိုးရိုးရှင်းရှင်းပဲပြင်ဆင်ခဲ့တာပါ။

ချောင်ရန်ကမူ ထပ်ပြောလာသေးပြီး...

"လူငှားဖို့က ငါ့အိမ်ကလည်း လွန်ခဲ့တဲ့ခုနှစ်နှစ်လောက်ကမှ ပြန်ပြင်ထား​တာလေ ဒါပေမယ့် အဲဒီအဖွဲ့ကိုတော့ လုံးဝမငှားနဲ့နော် အဆင်မပြေတာမဟုတ်ပေမယ့် အရမ်းကြာတာ အရမ်း အရမ်း ကိုကြာတာ အိမ်ပြန်ပြင်နေတဲ့အတောတွင်း ငါနဲ့ဘယ်နှခေါက်တောင် စကားများရလဲမမှတ်မိတော့ဘူး "

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now