မုဆိုးကြီးအိမ်သို့ရောက်ရှိလာတဲ့ မဖိတ်ခေါ်ထားသောဧည့်သည်များ

11.4K 1.4K 48
                                    

အပိုင်း (၃၃) မုဆိုးကြီးအိမ်သို့ရောက်ရှိလာတဲ့ မဖိတ်ခေါ်ထားသောဧည့်သည်များ

နောက်တစ်နေ့မနက်တွင် ပိုင်လီက နံရံတည်ဆောက်ရေးကိုပိုင်အဖေလက်ထဲ အလုံးစုံအပ်ခဲ့ကာ သူကတောထဲသွားဖို့ဆုံးဖြတ်ခဲ့သည်။ သူ့အိမ်ကအသေးလေးတွေက အသားအရမ်းကြိုက်တယ်လေ။ အခုလက်ရှိမှာတော့ သူကတောထဲခဏလောက်သွားလိုက်တာနဲ့ ရစ်ငှက်နဲ့တောယုန်တွေအသာလေးရနိုင်ပေမယ် အရမ်းအေးတဲ့နေ့တွေရောက်လာရင်တော့ သိပ်မသေချာတော့ဘူးမလား။ အဲတာကြောင့် ပိုင်လီက ဒီနေ့ တောင်ခြေကအနည်းငယ်နက်တဲ့နေရာထိသွားပြီး အသားခြောက်များလုပ်ရန်အတွက် အနည်းငယ်ကြီးသည့် တောကောင်များစတင်ရှာဖွေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ သူက ဒီရဲ့အအေးဆုံးနေ့တွေကိုမကြုံသေးဖူးပေမယ့် မူလပိုင်လီရဲ့မှတ်ဉာဏ်အရတော့ မြစ်တောင်ခဲသွားတဲ့အထိအေးတာဆိုတော့ ထိုနေ့တွေမှာ တောကောင်ရဖို့သိပ်မသေချာပါဘူး။

ပိုင်လီက ကျောလွယ်ဝါးခြင်းတောင်အားလွယ်ကာ ဓားရှည်နှင့်ပုဆိန်ကိုခြင်းတောင်းထဲထည့်ခဲ့ပြီး သူ၏သတ္တုနှင့်လုပ်ထားသော လေးနှင့်မြှားများကိုလည်းယူလျက် ပိုင်အဖေအာလှမ်းပြောလိုက်သည်။

"အဖေ ကျွန်တောင် တောင်ခြေခဏသွားလိုက်ဦးမယ်"

ပိုင်အဖေက ဒီနေ့နံရံဆောက်ခြင်းစမှာဖြစ်လို့ ဒီနေ့တော့ ပိုင်လီက တောထဲမသွားလောက်တော့ဘူးဟုထင်နေခဲ့တာဖြစ်၏။ သို့သော် ရွာထဲကခေါ်ထားသောရွာသားများနှင့် မြို့ကငှားရမ်းခဲ့သည့်လက်သမားအဖွဲ့လည်းရှိနေမည်ကိုစဥ်းစားမိတော့ ပိုင်လီရှိသည်ဖြစ်ဖြစ်၊မရှိသည်ဖြစ်ဖြစ် သိပ်ထူးခြားသွားမှာ မဟုတ်ကိုနားလည်သွားပြီး...

"ကောင်းပြီ ဒီမှာကငါတို့ရှိတယ် မစိုးရိမ်နဲ့ မင်းသာ ဂရုစိုက်ဦး တောင်ခြေအနက်ထဲထိအရမ်းဝင်မသွားနဲ့"

ပိုင်လီက ပိုင်အဖေစကားကို ခေါင်းငြိမ့်လက်ခံကာ ပိုင်အမေရောက်မလာသေးခင် အမြန်ထွက်လာခဲ့၏။ ပိုင်အမေအကြောင်းပြောရရင် သူမက ပိုင်လီအမဲလိုက်ထွက်တာကို သိပ်ကြိုက်ပုံမရဘူး။ သူမ မကြိုက်တာက ပိုင်လီအတွက်စိုးရိမ်လို့ဖြစ်ပြီး ပိုင်လီအား လယ်အလုပ်သာလုပ်ဖို့ နားချချင်နေတာလည်းဖြစ်နိုင်သည်။ သို့သော် ပိုင်လီကတော့ သူ့ရဲ့မြှားပြစ်ကျွမ်းကျင်ခြင်းကို မဖြုန်းတီးနိုင်ပဲ လယ်အလုပ်ထက် အမဲလိုက်ရတာကိုသာ ပိုနှစ်သက်ပြီး သူအန္တာရယ်ကင်းကင်းနဲ့ပြန်လာသည့်အခေါက်ပေါင်းများလာလျှင် ပိုင်အမေလည်းကျင့်သားရသွားဖို့ မျှော်လင့်ခဲ့၏။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝTempat cerita menjadi hidup. Temukan sekarang