မြေဝယ်ယူမှု

10.3K 1.2K 22
                                    

အပိုင်း (၉၁) မြေဝယ်ယူမှု

"ရှောင်ဟန် မင်း... မင်းလေ
ကလေးထပ်ယူချင်နေတာများလား?"

အသေးလေးတွေက အိပ်သွားကျပြီဖြစ်ပြီး ရှောင်ဟန်မှာ ထိုစကားများကိုကြားလိုက်ချိန်တွင် ခဏမျှ ကြက်သေသေသွားခဲ့မိသည်။

သူအခု ဘာကိုကြားလိုက်တာလဲ?

နားလည်သွားချိန်မှာတော့ ရှောင်ဟန်ရဲ့မျက်နှာက ခရမ်းချဉ်သီးလိုပင်နီရဲလာကာ သူက ...

"ခင်ဗျား... ခင်ဗျား ဘာတွေလာ​ပြောနေတာလဲ!"

ပိုင်လီကတော့ အရမ်းရှက်သွားပုံရတဲ့ သူ့ရှေ့ကကောင်လေးကိုကြည့်ပြီး သက်ပြင်းချလိုက်ကာဖြင့်....

"ကိုယ်ပြောတာ နည်းနည်းလောသွားတယ်နဲ့တူတယ် ကိုယ်ပြောတာက အမေကဒီနေ့ မင်းကိုကလေးထပ်ယူဖို့ပြောတယ်ဆို မင်းဒီနေ့ အတွေးထဲပဲနစ်နေတာကိုယ်တွေ့​တယ်လေ အဲတာကြောင့် မင်းနောက်ထပ်ကလေးယူဖို့ စဥ်းစားနေတာလားလို့ မေးကြည့်တာပါ"

ရှောင်ဟန်သည် ဤစကားများကို တည်တည်ငြိမ်ငြိမ်နေနှင့် ပြောနေနိုင်သည့် သူ့ရှေ့ကလူကို ကြည့်လိုက်ပြီး ဒီလူက တကယ့်လူပဲဟု တွေးနေမိခဲ့သည်။ သူကတကယ်ကြီး ပေါ်တင်လာမေးတယ်ပေါ့။ ကလေးယူမယ့်ကိစ္စကိုလေ!

ရှောင်ဟန်က ဤညမှာ သူ့ဘဝ၌ ရှက်စရာအကောင်းဆုံးညတစ်ညဟု ခံစားခဲ့ရပြီး သူသာကလေးယူချင်နေသည်ဟုဆိုမိပါက ဤလူက ဘာလုပ်မည်လဲကို ဆက်ပင်တွေးမကြည့်ဝံရဲပေ။ သူ..သူက နောက်ထပ်ကလေးရရင် ကောင်းမယ်လို့ တကယ်စဥ်းစားခဲ့မိပေမယ့် ဒီလိုပေါ်တင်မေးမြန်းမှုမျိုးကို ဘယ်သူက သည်းခံနိုင်မှာတဲ့လဲ။ ရှောင်ဟန်မှာ ရှက်ရွံမှုကြောင့် သူ့ကိုယ်သူပင် ရှိနေတယ်ဟုမခံစားရတော့ပေ။

"မဟုတ်ဘူး မဟုတ်ပါဘူး! ခင်ဗျားအထင်မှားနေတာ!"

ပိုင်လီမှာ ရှက်ရွံ့နေ၍ ခေါင်းတောင်မဖော်ဝံ့တော့သောကောင်လေးကိုကြည့်ကာ သူ၏နှုတ်ခမ်းဖျားကကော့တတ်သွားခဲ့သော်လည်း သူက လျှင်မြန်စွာပင်မျက်နှာပြန်တည်ခဲ့လိုက်ပြီး...

"အိမ်း...ဒါဆိုကောင်းတာပေါ့ ကိုယ်ကလည်း ပြောပြမလို့ပါပဲ တကယ်လို့ မင်းနဲ့အမေက ကိုယ်နောက်ထပ်ဇနီးတွေထပ်ယူမှာစိုးရိမ်ပြီး ဒီလိုတွေးမိကျတာဆိုရင်တော့ မလိုဘူးဆိုတဲ့အကြောင်းပါ "

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now