မုဆိုးကြီးအိမ်သို့ အသားဝယ်ချင်သူများရောက်ရှိလာခြင်း

11.5K 1.4K 32
                                    

အပိုင်း (၃၉) မုဆိုးကြီးအိမ်သို့ အသားဝယ်ချင်သူများရောက်ရှိလာခြင်း

နောက်တစ်နေ့မနက် ပိုင်လီ အိပ်ယာထချိန်တွင် အမြဲတမ်းသူ့နောက်မှနိုးတတ်သော အသေးလေးများကို အုတ်ကုတင်ပေါ်တွင်မတွေ့ခဲ့ရပေ။ အဲဒီအစား အပြင်မှာ သေးငယ်တဲ့ရယ်သံလေးတွေကြားလိုက်ရတာကြောင့် သူထွက်ကြည့်လိုက်တော့ အဝတ်ချုပ်နေသည့် ရှောင်ဟန် ဘေးနားတွင် ထိုအသေးလေးများက သစ်သားမြင်းရုပ်လေးများနှင့်ဆော့ကစားနေသည်ကိုတွေ့ခဲ့ရသည်။ မနေ့က ပိုင်လီက သစ်သားမြင်းရုပ်လေးတွေကို အပြီးသတ်ပေးခဲ့ပြီး အသေးလေးတွေက လှုပ်စိလှုပ်စိဖြစ်နေတဲ့မြင်းရုပ်လေးတွေကိုစီးရတာကို အရမ်းသဘောခဲ့ကျတာဖြစ်၏။

သူတို့လေးတွေက ကစားစရာအသစ်ကြောင့် စောစောတောင်ထကျတယ်ပေါ့လေ။

ထိုအသေးလေးများသည် အဝတ်ချုပ်ရာတွင်အာရုံစိုက်နေသည့်ရှောင်ဟန်ထက်အရင် ပိုင်လီကိုမြင်သွားကျပြီး အော်ဟစ်လာကျကာ...

"အဖေ အဖေ သားနဲ့ရှောင်ဝူကအပင်လေးကိုရေလောင်းပြီသွားပြီ"

ရှောင်ဝူကလည်း သူ့အကိုစကားကိုထောက်ခံလိုက်ပြီး...

"ဟုတ်တယ် အကိုကြီးကရေခပ်ပေးတယ် သားကရေလောင်းလိုက်တယ်"

မနေ့က ပိုင်လီကအပင်စိုက်ရင်းနှင့် အပွင့်လေးများပွင့်စေချင်ပါက တစ်နေ့တစ်ခါရေလောင်းပေးရမည်ဟုပြောခဲ့ပြီး ဒီအသေးလေးတွေက ဒါကိုမမေ့တဲ့အပြင် တကယ်လုပ်ခဲ့ကျမည်ဟုမမျှော်လင့်ခဲ့ပေ။ ပိုင်လီက လိမ္မာလွန်းတဲ့ လူသားအသေးလေးတွေကိုအမှတ်ပြည့်ပေးလိုက်တော့တယ်။

"အရမ်းတော်တာပဲ ပြုတ်ကျမယ်နော် အရမ်းမဆော့နဲ့ ဂရုစိုက်ကျဦး"

ပိုင်လီ စိုးရိမ်နေပေမယ့်လည်း အသေးလေးတွေကမြင်းရုပ်လေးတွေကို အရမ်းမလှုပ်ကျပါဘူး။ ဒါဆိုရင်တောင် သူတို့လေးတွေက သူတို့အဖေစကားကိုနားထောင်ပြီး အသံဆာဆာလေးတွေနဲ့ "နားလည်ပါပြီ"ဟု ပြန်ဖြေခဲ့ကျသေးသည်။

ပိုင်လီက စိတ်ထဲသက်သောင့်သက်သာမဖြစ်ပဲမနေနိုင်ခဲ့ပေ။ မနက်ခင်းနိုးလာတာနဲ့ ဒီလိုချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိတဲ့သားလေးတွေကိုမြင်နေရရင် ဘယ်သူကစိတ်မချမ်းသာပဲနေမှာတဲ့လဲ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now