အပိုင်း (၆၅)

9.3K 1.3K 14
                                    

အပိုင်း (၆၅) မုဆိုးကြီးနဲ့ ဟွမ်ဟွာ၏ ထိပ်တိုက်တွေ့ဆုံမှု -5

သို့သော် ပိုင်လီလို စိတ်မအေးနိုင်သူရှိနေကာ ထိုလူကေတာ့ ခြွင်းချက်မရှိ ယန်စန်းဟွားပါပင်။ သူမကချောင်ရန်ရဲ့ စကားတွေကိုကြားအပြီးမှာ သွေးပျက်လွန်းလို့ ခန္ဓာကိုယ်ကတောင်ယိုင်နဲ့သွားပေမယ့် လူထုရဲ့အမြင်ကလည်း သူမပေါ်ကို လောင်းချလိုက်တဲ့ ရေခဲတွေလိုပါပဲ။ သူမကို အရိုးထဲထိ အေးစိမ့်သွားစေတယ်။

ယန်စန်းဟွားက အခုချိန်မှာ ဘာတွေဖြစ်နေတာလဲဆိုတာကို ကြောင်အမနေတော့ဘူး။ ကြည့်ရတာ သူမရဲ့ဘယ်လိုမှ ကျရှုံးနိူင်ချေမရှိခဲ့တဲ့အစီစဉ်က ကျရှုံးသွားပြီး သူမလွှတ်ခဲ့တဲ့လူတွေအားလုံးကလည်း ရုံးတော်ကိုဆွဲခေါ်သွားခံခဲ့ရတာပဲဖြစ်ရမည်။

ဒါက သူမမျှော်လင့်ထားတဲ့ ရလဒ်မဟုတ်ဘူးလေ။ အဲတာက လူသုံးဆယ်ကျော်လေ!။ သူမက လူတစ်ယောက်ကို သတ်ဖို့တောင်မဟုတ်ဘဲ ခဏဖမ်းချုပ်ပြီး လက်ဗွေယူနိုင်ရုံလေးအတွက် အတိုက်ခိုက်ကျွမ်းကျင်တဲ့ လူသုံးဆယ်ကျော်တောင်သုံးခဲ့တာလေ!!။ ပိုင်လီက သာမာန်လူလေးတစ်ယောက်ပဲကို။ သူက အတိုက်ခိုက်ကျွမ်းကျင်နေရင်တောင် လူသုံးဆယ်ကျော်က တစ်ခါထဲဝိုင်းတိုက်တာကနေ ဘယ်လိုလုပ် လွှတ်သွားရုံမကလို့ သူကတောင် အဲဒီလူသုံးဆယ်ကျော်ကို ရုံးတော်ကို ဆွဲခေါ်သွားလိုက်တာလဲ!။

ဒီအချိန်မှာ ယန်စန်းဟွား တွေးမိတာကတော့ ဒီပိုင်ခွေးမျိုးရိုးက လူရောဟုတ်ရဲ့လားဟူ၍ပင်။

သို့သော် သူမမွာ ပိုင်လီကို ဒေါသထွက်နေချိန် ဘယ်မှာရှိမှာတဲ့လဲ။ သူမရဲ့မူလအစီစဉ်ထဲမှာ ကျရှုံးခြင်းဆိုတာလုံးဝမရှိတဲ့အတွက် ပိုင်လီဆီက လက်ဗွေသာရပြီးပါက သူတို့က ပိုင်လီကိုထားပြစ်ခဲ့မည်ဖြစ်ကာ မျက်မြင်သက်သေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပိုင်လီက ရုံးတော်တိုင်ပါကလည်း သူမတို့က လုံးဝငြင်းဆန်မည်ဖြစ်ပြီး စာချုပ်ပြကာ ကလေးတွေကိုသွားခေါ်မည်ဖြစ်သည်။

ဒါပေမယ့် ယုံချင်စရာလုံးဝမရှိစွာနဲ့ ပိုင်လီက သူမအစီစဉ်တွေကိုညပြောင်းပြန်လှန်ခဲ့တယ်။ သူမက အခုပိုင်လီကို ကျိန်ဆဲချင်ရင်တောင် အားမရှိတော့ဘူး။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now