အပိုင်း (၈၈)

9.5K 1.2K 32
                                    

အပိုင်း (၈၈) သခင်မကြီးက ကလေးယူရန်တိုက်တွန်း

ရှောင်ဖူနှင့်ရှောင်ဝူသည် ကျန်သေးသည့် ပုလဲအဆင်တန်ဆာများကိုပင် ယူ၍ ပိုင်မိနိထံလှမ်းပေးကာ ဝတ်ခိုင်းနေကျသဖြင့် မော့ဟွာက သူမသားသမီးတွေနဲ့မြေးတွေကို မနိုင်သလိုခံစားခဲ့ရတော့သည်။

သူမက အစမှာ ဒေါသထွက်နေတာပေမယ့် ပိုင်မိန်နဲ့အသေးလေးတွေက အလွန်ပျော်ရွှင်နေတာကို မြင်ရတဲ့အခါမှာတော့ ဒေါသလည်းမထွက်နိူင်တော့ပါဘူး။ ရှောင်ဟန်က ဒါကိုသတ်ထားမိတဲ့အခါ သူက ပိုင်အမေကို နှစ်သိမ့်ချင်ခဲ့သည်။ ဒါကြောင့် သူ့ကိုပိုင်လီ နှစ်သိမ့်သွားတဲ့ စကားလုံးတွေကိုထုတ်ပြောရပါတော့တယ်။

"အမေ စိတ်မတိုပါနဲ့ ကျွန်တော်လည်း ရွှေချောင်းတွေသုံးတာက အရမ်းများတယ်ထင်လို့ ပြောခဲ့သေးပေမယ့် ကျွန်တော့်ခင်ပွန်းက သူ့မှာရွှေချောင်းသောင်းချီရှီနေလို့ ဒီလောက်ပမာဏက သုံးသင့်တယ်လို့ပြောခဲ့တယ် ပြီးတော့ ငွေလိုလာရင် ဒီပစ္စည်းတွေက ပြန်ရောင်းလို့ လွယ်တယ်လို့လည်း ပြောပါတယ်"

မော့ဟွာက ဒါကိုနားထောင်ပြီးနောက် မြစိမ်းရောင်ရင့်ရင့်ကျောက်စိမ်းနှင့် ရွှေသားပေါင်းစပ်ထားသော ဆံထိုးကြီးကိုကြည့်ကာ သက်ပြင်းချလိုက်မိလေသည်။

ဆံထိုးက တကယ်ပဲလှပါတယ်။ သူမဘဝမှာ ဒီလောက်လှတဲ့ဆံထိုးမျိုးကို တစ်ခါမှတောင် မမြင်ဖူးပါဘူး။ သူမက သူမရဲ့ဒုတိယသားက သူမအတွက်ကိုယ်တိုင်ရွေးလာပေးတဲ့ ဘယ်ပစ္စည်းမဆို ကြိုက်ပြီးသားဖြစ်ပြီး ငွေထည်တွေပဲဖြစ်ဖြစ်၊ ပန်းထိုးဖိနပ်တွေပဲဖြစ်ဖြစ် သူမက အလွယ်တကူလက်ခံနိုင်သေးပေမယ့် ဒီဆံထိုးကတော့ ရွှေချောင်းတွေနဲ့ တန်နေတာဖြစ်ပါတယ်။ ပြီးတော့ မော့ဟွာက ဒီလိုဆံထိုးမျိုးက ရွှေနှစ်ချောင်းဆိုတာ သိပ်မယုံချင်နေပါဘူး။

ဒါကြောင့် သူမကလက်ခံဖို့ခက်ခဲနေပြီး....

"သူဝယ်ပြီးမှတော့ ဘာတတ်နိုင်တော့မှာလဲ ဒါပေမယ့် ရှောင်မိန်အတွက်လည်း ရွှေနှစ်ချောင်းသုံးပေးထားတာဆိုတော့ ဒီဆံထိုးကိုတော့ ရှောင်ရှီ မင်းပဲသိမ်းထားလိုက်ပါကွယ်"

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now