ဇနီးလေးစိတ်ဆိုးသွားခြင်း-2

6.3K 831 3
                                    

အပိုင်း (၁၂၁) ဇနီးလေးစိတ်ဆိုးသွားခြင်း-2

"ဒုတိယအစ္ကို အစ္ကိုက ဘာမှမလုပ်ဖူးလို့ပြောနေပေမယ့် ဒီနေ့ ဒုတိယယောင်းမက သူ့ခေါင်းပေါ်က ခေါင်းလောင်းပန်းတွေပါတဲ့ ကျောက်စိမ်းဆံထိုးက  ဘယ်လောက်တန်တယ်ဆိုတာကို အမှန်တိုင်းသိသွားပြီးပြီ!"

ပိုင်လီ: !!!

အိုး..သူအဲတာကို မေ့နေခဲ့တာ!

ပိုင်မိန်သည် သူမဒုတိယအစ္ကို၏ မျက်နှာအမူယာအားမြင်ပြီးနောက် သူမတို့ကြားလာသမျှက အမှန်တွေပင်ဖြစ်ကြောင်း ပိုသေချာသွားခဲ့တော့သည်။

သူမရဲ့ဒုတိယအကိုက ဘယ်လိုတောင်လိမ်ထားတာလဲ။ သူက ရွှေချောင်းရာချီ ပေးရတဲ့ရတနာတွေကို သူတို့ကို ရွှေချောင်းတစ်ချောင်းနှစ်ချောင်းသာ တန်တယ်ဆိုပြီး ပြောထားခဲ့သည်။

ပိုင်မိန်က ဒီနေ့အဖြစ်ပျက်သမျှအား ပြန်တွေးလိုက်၏။ သူမတို့တွေ အဒေါ်ဟုန်နဲ့အတူ ပြဇာက်ရုံကိုရောက်ပြီးနောက် အဒေါ်ဟုန်သည် ပြဇာက်မစသေးခင်၌ ရှောင်ဟန်၏ ခေါင်းလောင်းပန်းလေးများပါသော မြစိမ်းရောင်ဆံထိုးက အလွန်ကြည့်ကောင်းကြောင်း ချီးကျူးပြောဆိုခဲ့သည်။

အမျိုးသမီးတွေနဲ့ ကောတွေဆုံမိလျှင် ပိုးထည်မျညးနှင့် လက်ဝတ်ရတနာတွေအကြောင်း ရောက်သွားတတ်တာက သဘာဝပါပင်။ ထပ်ပြီး သူတို့တွေက လယ်သမားရွာက ဆိုပေမယ့်လည်း သူတို့ရဲ့ လက်ဝတ်ရတနာတွေနဲ့ အဝတ်စားတွေက ဘယ်နေရာကိုပဲကြည့်ကြည့် လယ်သမားရွာကလို့ မထင်စေခဲ့ဘူးဖြစ်နေခဲ့သည်။ ဒါကြောင့် သူတို့က ကျွဲလှည်းစီးတဲ့အခါ အနည်းငယ် မလိုက်မဖက်တောင် ဖြစ်နေခဲ့ပါသေးတယ်။

အထူးသဖြင့် ရှောင်ဟန်ရဲ့ မြစိမ်းရောင်ဆံထိုးနဲ့ ပိုင်မိန်ရဲ့ပန်းနုရောင်ပုလဲတွေက မျက်စိကို ဖမ်းစားထားနိုင်လွန်းတာကြောင့် ဟုန်ရင်းက ရှောင်ဟန်ရဲ့ဆံထိုးအပြင့ယ် ပိုင်မိန်ရဲ့ပန်းနုရောင် ပုလဲများကလည်း အလွန်လှပကြောင်း ပြောခဲ့သေးပြီး သူမက ထိုကဲ့သို့ ပုလဲမျိုးတစ်ဆင်စာသည် ရွှေချောင်းနှစ်ရာနီးပါးပင် ရှိလိမ့်မည်ဟု ပြောခဲ့ပေသည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now