အပိုင်း (၈၂)

10.5K 1.3K 21
                                    

အပိုင်း (၈၂) မုဆိုးကြီး၏ အလိမ်ညာပြဇာက်

"ဇနီးလေး.. ဝက်ဝံရောင်းပြီးတုန်းက ကိုယ်မင်းအတွက်လက်ဆောင်ဝယ်လာခဲ့တာရှိတယ် ဘာလဲဆိုတာခန့်မှန်းကြည့်လေ"

ရှောင်ဟန်က ဒါကိုကြားလိုက်ရချင်းမှာ မယုံကြည်နိုင်ခဲ့ပါဘူး။ နောက်တော့ သူ့ရဲ့ကြက်သေသေနေတဲ့မျက်နှာလေးက လျှင်မြန်စွာနဲနီရဲလာခဲ့ပြီး ဆီမီးရဲ့အရောင်နှင့်ပင် တူညီလို့ခဲ့သွားကာ အကယ်၌ သူ့ဘေးက နံရံသာမဟုတ်ပါက သူသည် ပိုင်လီနှင့်ဝေးအောင် နောက်သို့ဆုတ်သွားချင်နေခဲ့သည်။

သူတို့ရဲ့အိမ်ထောင်သက်က သုံးနှစ်ရှိပြီပေမယ့် ပိုင်လီက ဘယ်တော့မှ ဒီလိုမျိုးမခေါ်ခဲ့ဖူးသလို ပြောင်းလဲလာအပြီးနောက်မှသာ သူနဲ့ ​သားတွေအပေါ်ငြင်သာလာခဲ့တာဖြစ်လို့ ဒီလိုရုတ်တရက်ခေါ်ဝေါ်ပုံက သူ့ကိုထိတ်လန့်စေပါတယ်။ ပြီးတော့ အဲတာက ရှက်စရာကောင်းလွန်းတယ်။

ပိုင်လီကတော့ ရှောင်ဟန်ရဲ့ နီရဲနေတဲ့မျက်နှာကိုကြည့်လိုက်ပြီး ဒီကောင်လေးက တကယ်အရေပါးတာဟုတွေးရင်း သူကခိုး၍ရယ်မောခဲ့၏။

ဒါပေမယ့် သူက ဆက်စဖို့တော့ မလုပ်တော့ပါဘူး။

ပိုင်လီက သူပြောလိုက်တာက ဘာမှမထူးခြားသလိုနှင့် တည်ငြိမ်နေကာ သူက ပန်းထိုးဖိနပ်များထည့်ထားသည့် အထုပ်ကိုဖြေလိုက်ပြီးနောက် ရှောင်ဟန်အတွက်ဝယ်လာသည့် ဖိနပ်နှစ်စုံကို လှမ်းပေးလိုက်သည်။

"လက်ရာသိပ်မဆိုးဘူးထင်လို့ ကိုယ်ဝယ်ခဲ့တာ တကယ်ကောင်းလားဆိုတာကြည့်ကြည့်ဦး ဒီနှစ်ရံကမင်းအတွက်ပဲ"

ပိုင်လီက အသေးလေးတွေအတွက် နှစ်ရံစီဝယ်လာသလို ပိုင်အမေနှင့်ပိုင်မိန်အတွက်လည်း နှစ်ရံစီဝယ်လာခဲ့တာပင်။

ရှောင်ဟန်အတွက် သူဝယ်လာတဲ့ဖိနပ်လေးတွေက မိုးပြာရောင်အောက်ခံပေါ်မှာ အဖြူကောင် လိပ်ပြာတွေ ပန်းထိုးထားတဲ့တစ်ရံနဲ့ ခရမ်းနုရောင်အောက်ခံပေါ်မှာ ကျောက်စိမ်းရောင်ပန်းတွေ ပန်းထိုးထားတဲ့တစ်ရံတို့ဖြစ်ပြီး ဒီပန်းထိုးဖိနပ်တွေက အရမ်းကိုလှပနေတာဖြစ်သည်။ ဘယ်မိန်းကလေး၊ ဘယ်ကောကမှ ဒီလိုလှပတဲ့ ပန်းထိုးဖိနပ်လေးတွေကို ငြင်းဆန်နိုင်မည်မဟုတ်ဘူး။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now