(101)

8.2K 1K 6
                                    

အပိုင်း (၁၀၁) မုဆိုးကြီး၏လျို့ဝှက်ကြံစည်မှု ဖော်ထုတ်ခံရ

ပိုင်လီမှာ ချောင်ရန်ပြောတာကြားတော့ အနည်းငယ်လက်မခံချင်ဟန်ဖြင့်...

"မဟုတ်သေးဘူး အကိုကြီးချောင် ဒီလိုပြောလို့မရဘူးလေ ဒီအပင်တွေက စပျစ်သီးပင်တွေ တကယ်ဟုတ်မဟုတ်မှမသိနိုင်တာ"

ဒါကိုကြားတော့ နောက်တစ်ခိုင်ထပ်ခူးတော့မည့် ချောင်ရန်သည် ရပ်တန့်သွားခဲ့ကာ ဟုန်ရင်းနှင့် ပိုင်မိသားစုဝင်များပင်လျှင် ပိုင်လီအား လှမ်းကြည့်လိုက်ကျသည်။

ဒီလူက ဘာကိုပြောချင်နေတာတုန်း။

ချန်ရန်မှာ နားမလည်သဖြင့်....

"မင်းဘာပြောတာလဲ ဒါက စပျစ်သီးတွေမဟုတ်ဘူးလား"

ချောင်ရန်သည် စပျစ်သီးများကို မမြင်ဖူးခဲ့ချေ။စပျစ်သီးတွေ တန်ဖိုးကြီးနေရတဲ့ အကြောင်းရင်းက အရမ်းရှားတာကြောင့်လေ။ သူတို့က အဲတာကို ဝယ်နိုင်စွမ်းမရှိခဲ့ပါဘူး။ ထပ်ပြီး သူတို့ကတောရွာမှာမဟုတ်တော့ စားလို့မရတဲ့ တောစပျစ်သီးတွေက ဘယ်လိုပုံလဲဆိုတာတောင်မသိခဲ့ဘူး။ ပြောရရင် ဒါက သူတို့ရဲ့ ပထမဆုံး စပျစ်သီးကိုမြင်ဖူးခြင်းပါပဲ။

ပိုင်လီမှာ စပျစ်သီးတွေအား တစ်ခိုင်ပြီးတစ်ခိုင် ခူးနေရင်းဖြင့် ပြန်ဖြေခဲ့ပြီး...

"ဒါက စပျစ်သီးတွေတော့ဟုတ်ပါတယ် ဒါပေမယ့် ဒီနွယ်တွေကို တောထဲကနေနုတ်လာခဲ့တာလေ တောစပျစ်သီးတွေနဲ့ ဆင်တူတဲ့အချက်တွေရှိလို့သာ စပျစ်သီးလို့ အလွယ်ခေါ်ခဲ့ကျတာ ဒီတော့ ဒါတွေက စျေးကွက်မှာ ရောင်းတန်းဝင်နေတဲ့စပျစ်သီးမျိုး ဟုတ်မဟုတ်ဆိုတာ ပြောလို့ရဘူးမလား ဒီတော့  တန်းဖိုးကြီးတယ်လို့ ပြောဖို့က မဟုတ်သေးဘူးလေ"

ဤရှင်းပြချက်အဆုံးတွင် ချောင်ရန်နှင့် ကျန်လူများက တိတ်ဆိတ်သွားခဲ့ကျတော့သည်။ သူတို့ကစပျစ်သီးတွေကို ဆက်ခူးရင်းနဲ့ ပိုင်လီပြောတာကို စဥ်းစားကြည့်နေခဲ့ကျပါတယ်။

တကယ်တော့ ပိုင်လီပြောတာက လုံးဝမမှားပေ။ သူတို့တွေအကုန်လုံးက တော်ဝင်မိသားစုတွေမှ ဝယ်ယူနိုင်တဲ့ စပျစ်သီးတွေက ဘယ်လိုပုံစံရှိလဲဆိုတာကို တစ်ယောက်မှမမြင်ဖူးကျဘဲ ဒီစပျစ်သီးတွေက တောထဲကတွေ့ရတဲ့ အပင်တွေဖြစ်လို့ အဲဒီစပျစ်သီးတွေနဲ့တူမတူဆိုတာကို မသိနိုင်ကျပါဘူး။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now