အပိုင်း (၉၅)

9.6K 1.1K 21
                                    

အပိုင်း (၉၅) မိသားစု စကားဝိုင်း-2

ပိုင်အမေနှင့် ပိုင်မိသားစုသည် နောက်ဆုံး၌ ပိုင်လီပြောသမျှကို သဘောတူလိုက်ရသည်သာပင်။

သူတို့လည်း မတတ်နိုင်ဘူးလေ။ ပိုင်လီပြောသမျှက အကျိုးကြောင်း ဆီလျော်နေတာချည်း ဖြစ်နေတာကို။

ထို့နောက် အချိန်မှာ မစောတော့သဖြင့် ပိုင်မိသားစုကပြန်သွားခဲ့ပြီး ပိုင်လီတို့လည်း ညစာစားခဲ့ကျကာ ညစာစားနေတုန်း၌ ပိုင်လီက ကျောက်စိမ်းဆံထိုးကိုဝတ်ဆင်ထားခြင်းမရှိတော့ဘဲ ဝတ်စုံကိုလည်း ပုံမှန်ဝတ်စုံဖြင့် ပြန်လဲထားသော ရှောင်ဟန်ကို ကြည့်နေခဲ့သည်။ သူကတော့ ဒီကောင်လေးကို ပြောမှဖြစ်တော့မည်ထင်၍...

"မင်းဘာလို့ အဝတ်တွေကိုပြန်လဲလိုက်တာလဲ"

ရှောင်ဟန်သည် အသေးလေးတွေနှင့်တူ စားပွဲတစ်ဖက်၌ ငြိမ်သက်စွာစားနေတာဖြစ်ပြီး မေးသံကြားတော့ ပိုင်လီကိုမော့ကြည့်လာခဲ့၏။ သို့သော် ကြည့်ပြီး ခဏနေ၌ ဘာမှမပြောဘဲ ခေါင်းပြန်ငုံ့သွားကာ ဆက်စားနေခဲ့လေသည်။

ပိုင်လီ: ......

ဒါက ဘာကိုပြောချင်တာတုန်း။ မင်းကသေချာပေါက် ငါ့ကို ကြောက်တဲ့ပုံနဲ့ သတိထားကြည့်နေတာပဲကို ဘာလို့ စကားကျပြောမလာရတာလဲ။ ပြောစရာစကား မရှိဘူးဆိုတဲ့သဘောလား။

ပြောစရာစကားမရှိတာကို ငါကပဲပြဿနာရှာနေတဲ့ပုံစံလား။

ပိုင်လီသည် ရှောင်ဟန်ဘေးမှ သူအား စပ်စုစွာကြည့်နေသည့် အသေးလေးတွေကိုမြင်တော့ အကြံရသွားခဲ့ပြီး...

"ရှောင်ဟန် ကိုယ်ပြောပြမယ် ကိုယ်တို့က အခု လယ်သူဌေးမိသားစု ဖြစ်နေပြီလေ ကိုယ်တို့က သိုသိုသိပ်သိပ်ဆက်နေချင်ရင်တောင် မဖြစ်မနေ ပြောင်းလဲရမှာလေးတွေ ရှိသေးတယ် ဒီနေ့ပဲကြည့် မင်းကို အပြင်ဆင်ပြောင်းလဲခိုင်းခဲ့လို့သာပေါ့ မဟုတ်ရင် လူတွေက အတင်းဖျင်းတွေပြောလိမ့်မယ် ကိုယ်ကချမ်းသာနေပေမယ့် ဇ​နီးကိုကျ ကောင်းကောင်းဂရုမစိုက်ဘူးလို့လေ"

ပိုင်လီက ရှောင်ဟန်၏အပြုမူကို စောင့်ကြည့်နေတာဖြစ်ပြီး သူ့စကားအဆုံး၌ ထိုကောင်လေး၏တူများကနှေးကွေးသွားတာကို မြင်လိုက်ရသည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now