ချောင်မိသားစုသို့ အလည်တစ်ခေါက်

6K 807 6
                                    

အပိုင်း (၁၁၆) ချောင်မိသားစုသို့ အလည်တစ်ခေါက်

"ကျွန်တော် နည်းနည်းတော့ အံသြသွားပေမယ့် ခင်ဗျားလုပ်သမျှက ကောင်းမယ်လို့ ယုံကြည်ပါတယ်"

ပိုင်လီမှာ ထိုစကားကြောင့် တော်တော်လေးရွှင်မြူးသွားသည်ပင်။

မင်းရဲ့ဇနီးက မင်းကိုယုံကြည်တာထက် ဘယ်အရာကများ ပိုပျော်စရာကောင်းမှာတဲ့လဲ ဟမ်။

ထို့ကြောင့် ပိုင်လီကပြုံးပြုံးကြီးဖြင့်...

"မင်းဆီက ဒီစကားကြားရတာ ကိုယ်တကယ်ပျော်တယ်"

ရှောင်ဟန်မှာ ထိုစကားကြောင့် ပြုံးမိတော့မည်ဖြစ်သော်လည်း ပိုင်မိန်ထံမှရှောင်ဝူလေးက ထပ်မံထရပ်ရန် ကြိုးစားနေသဖြင့် ချက်ခြင်းစိတ်ပြန်တိုသွားတော့သည်။ သူက ရှောင်ဝူကို ဆူပူနေတုန်းမှာပဲ ပိုင်လီက ထိုကောင်လေးကို ခေါ်သွားခဲ့၏။

ပိုင်လီက လှည်းမောင်းနေရင်းနှင့် ရှောင်ဝူလေးကို သူ့ပေါ်မှာထိုင်ခိုင်းထားသဖြင့် ထိုကောင်လေးသည် ထမရပ်တော့သော်လည်း သွားနေသည့် ကျွဲကြီးကိုကြည့်ကာ စကားတွေများနေခဲ့လေသည်။ သူကတစ်ခါတလေမှာ ပိုင်လီလက်ထဲက နှင်တံပိုတောင် လုချင်နေပါသေးတယ်။

ပြောရရင် ရှောင်ဝူလေးက တကယ်အဆော့သန်လေးဖြစ်လာပြီး ကြာလာလေ ရှောင်ဖူလေးနဲ့ တကယ်ကွဲပြားလာလေပင်။ ဒါပေမယ့်လည်း ပိုင်လီက သူ့သားလေးနှစ်ယောက်လုံးကို ချစ်နေတုန်းပါပဲ။

ရှောင်ဟန်ကတော့ ရှေ့မှာလည်း သူတို့သားငယ်လေးက ဆော့နေတုန်းဖြစ်တာကိုသိ၍ ပိုင်လီအား ပြောခဲ့တော့သည်။

"ခင်ဗျား သူ့ကိုအရမ်းအလိုမလိုက်နဲ့ သူကအခုနောက်ပိုင်း အရမ်းပြောရခက်လာတာ"

ရှောင်ဟန်မှာ အကုန်ခင်ဗျားကြောင့်ပဲဟု ပြောချင်ခဲ့သော်လည်း သူက နောက်ဆုံးစကားများကိုတော့ မပြောရဲသေးသဖြင့် မျိုသိပ်ခဲ့လိုက်သည်။ ပိုင်လီက နောက်ပိုင်းမှာ ကလေးတွေကို အရမ်းအလိုလိုက်ခဲ့ပါတယ်။ ဒါကို ရှောင်ဟန်က မကြိုက်တာမဟုတ်ပေမယ့် ပိုင်ရှောင်ဝူဆိုတဲ့ လူဆိုးလေးက ဒီအရွယ်လေးနဲ့ အရမ်းအဆော့မက်လာတယ်လေ။ သူတို့ သူလေးကို အခုထဲက နည်းနည်းလောက် ထိန်းသိမ်းသင့်တယ်လို့ သူတော့ခံစားရတယ်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now