မုဆိုးကြီးပြောတဲ့ ကျိုးရှီရဲ့ယုတ်မာမှုအကြောင်း

10K 1.3K 11
                                    

အပိုင်း (၇၀) မုဆိုးကြီးပြောတဲ့ ကျိုးရှီရဲ့ယုတ်မာမှုအကြောင်း

ဒါကိုကြားတော့ ပိုင်မိန်က ပိုင်လီဆီမှာ ကျိုးရှီနဲ့ပတ်သက်ပြီး အစီစဥ်ရှိမှန်းသိသွားလို့ သူမကမစိုးရိမ်တော့ဘူး။

ဒါပေမယ့် သူမရဲ့စံပါယ်ပင်လေးကို ဆုံးရှုံးလိုက်ရအတွက်တော့ အရမ်းဝမ်းနည်းနေတာကြောင့်...

"ဒုတိယအကို ညီမလေးရဲ့ပန်းပင်လေးက ပြန်ရနိုင်ပါ့မလားဟင်"

ပိုင်လီကလည်း ဒါကိုတော့မသေချာပါဘူး။ ဘာလို့လဲဆိုတော့ ကျိုးရှီက သူများကိုရောင်းပြီးသွားလို့ပါပဲ။ ဒါကြောင့်သူက....

"ဘယ်သူဝယ်သွားတာလဲဆိုတာ စုံစမ်းပြီးရင် ဒုတိယအကိုက ပြန်ဝယ်ကြည့်ပေးမယ် ဒါပေမယ့် တစ်ဖက်လူက ရောင်းမရောင်းအပေါ်တော့ မူတည်တာပေါ့  သိပ်ကြီးလည်း ဝမ်းမနည်းပါနဲ့ ဝယ်သွားတဲ့လူက ပြန်မရောင်းရင် ရှောင်မိန်အတွက် တစ်ပင်ပြန်ရှာပေးမယ်"

ဒါကိုကြားပေမယ့် ပိုင်မိန်ကတော့ပျော်မသွားဘဲ...

"မဟုတ်ဘူး ဝမ်ရူရဲ့မတော်တဆပြီးထဲက တောထဲကအရမ်းအန္တာရယ်များလို့ အမေတို့ရော ညီမလေးရောက အကို့ကို တောထဲမသွားစေချင်တော့ဘူး ဒီတစ်ခေါက်တောင်မသိလိုက်လို့ ပြန်ဝယ်လို့မရရင်လည်းထားလိုက်ပါတော့ ဒုတိယအကိုတောထဲမသွားပါနဲ့အကိုတို့အိမ်မှာလည်း တစ်ပင်ရှိနေသေးတာပဲကို "

အဲဒီနောက် သူမလေးက ပိုင်လီရဲ့လက်ကိုလွှဲရမ်း၍ ကလေးဆန်စွာပြုမှုလာပြီး....

"ဒုတိယအကိုပဲ အကို့အိမ်က ညီမလေးအိမ်လို့ မပြောခဲ့ဘူးလား ဒါဆို အကို့အိမ်ကပန်းပင်ကလည်း ညီမလေးဟာပဲပေါ့ မဟုတ်ဘူးလား ဟမ်"

ပိုင်လီက ဒါကိုကြားတော့ပြုံးလိုက်ကာ သူတို့နဲ့မလှမ်းမကမ်းက စံပါယ်ပန်းပင်နားမှာ ဆော့ကစားနေကျတဲ့အသေးလေးတွေကို ညွှန်ပြလိုက်လေသည်။

"ဒါကတော့ မင်းရဲ့တူလေးတွေနဲ့ အရင်သွားညှိလိုက်လေ"

ထိုအချိန်တွင် ပိုင်မိန်ရဲ့အာရုံက အသေးလေးတွေဘက်ပြောင်းသွားကာ ပိုင်လီရဲ့လွှတ်လိုက်ပြီး ပြေးမသွားခင် ပြောခဲ့သေး၏။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now