အပိုင်း (၇၈)

9.4K 1.3K 13
                                    

အပိုင်း (၇၈) ရုံးတော်၏စီရင်ချက်

နောက်တစ်နေ့မနက်မှာတော့ သူတို့လူစုက ရုံးတော်ကို စောစောလာလိုက်ကျပြီး ဝမ်လီသည်လည်း ဤအမှုကို ဖြေရှင်းပေးဖို့ရန် ရုံးတော်သို့ စောကာလာခဲ့လေသည်။

အဲဒီနောက်မှာတော့ ဝမ်လီက ကျိုးမိသားစုကို ခေါ်ထုတ်စေပြီး ရုတ်တရက် ရုံးတော်သားတွေ၏ ဆင့်ခေါ်ခြင်းခံခဲ့ရသော ကျိုးမိသားစုမှာတော့ အလွန်ထိတ်လန့်လျက်ရှိနေ၏။

ထပ်ပြီး ရုံးတော်သားများသည် ကျိုးအိမ်ရှိ ငွေများအားလုံးကိုသိမ်းခဲ့ကာ ထိုငွေများထဲတွင် ရွှေချောင်းကိုးဆယ့်ကိုးချောင်းနှင့် အစွန်းထွက်အနည်းသာရှိပေသည်။

ဝမ်လီက ကျိုးမိသားစု၏ အကြီးဆုံးသားအား ကြည့်ကာ...

"ကျိုးမိသားစုရဲ့အကြီးဆုံးသား မင်းတို့ ဒီရွှေချောင်းတွေကို ဘယ်ကနေရခဲ့သလဲ ဒီရွှေချောင်းတွေက လယ်သမားမိသားစုအတွက် များလွန်းနေတယ် ပြီးတော့ ကျိုးမိသားစုမှာ လယ်ကွက်တွေလည်း အများကြီးမရှိတာကို ဒီရွှေချောင်းတွေ ဘယ်လိုရခဲ့သလဲလိမ်ညာပဲအမှန်ကိုဝန်ခံပါ ငါတို့မှာ သက်သေတွေလည်းရှိပြီးပြီ"

လက်ရှိတွင် ကျိုးမိသားစုသည် အလွန်တုန်လှုပ်လျက်ရှိသည်။ သူတို့က သူတို့ရဲပြီးပြည့်စုံလှတဲ့ အကြံက ဒီလိုမျိုး ပြဿနာကြီးကြီး ဖြစ်လာမယ်လို့မထင်ခဲ့ဘူး။

ကျိုးမိသားစု၏ အကြီးဆုံးသားမှာလည်း တရားသူကြီးက သူ့ကိုမေးသည်မှာ ဝန်ခံဖို့သာဖြစ်ပြီးတကယ်သိချင်၍ မေးနေတာမဟုတ်မှန်းနားလည်ခဲ့သည်။ တရားသူကြီးက သူ့မှာသက်သေတွေတောင် ရှိတယ်လို့ပြောနေတယ်။ ဒါက သူ့မှာ လိမ်ညာဖို့ အခွင့်ရေးမရှိဘူးလို့ ဆိုလိုတာမဟုတ်ဘူးလား။

သူသည် ဝန်မခံချင်သလို ရွှေချောင်းတွေကိုလည်း ပြန်မပေးမလိုပေ။ သူက ရွှေချောင်းတွေ ပြန်ရလိုပြန်ရငြား ဒါတွေက သူ့မိသားစုက စုထားတဲ့ငွေတွေပါလို့ ပြန်ငြင်းခုန်ချင်နေပေမယ့်လည်း အလုပ်ဖြစ်မှာမဟုတ်မှန်းသဘောကာ ယခုအခါ ရွှေချောင်းများသည် ရုံးတော်မှသိမ်းယူသွားပြီဖြစ်ပြီး သူတို့ပြန်မရနိုင်တော့တာဖြစ်လို့ သူငြင်းဆန်နေပါကလည်း အပြစ်ပိုတိုးလာရုံသာ ရှိလိမ့်တော့မည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now