အပိုင်း (၁၀၉)

6.8K 890 9
                                    

အပိုင်း (၁၀၉) စပျစ်သီးဝိုင် ပြုလုပ်ခြင်း-2

ပိုင်လီ၏ လျှင်မြန်မှုကြောင့်ပင် စပျစ်သီးများကြိတ်ချေခြင်းက မနက်ခင်းနှင့်ပြီးသွားခဲ့သည်။

နားပြီး အတော်ကြာတဲ့ထိ လက်ချောင်းတွေ ထုံနေစဲ တခြားလူတွေကတော့ ပိုင်လီကိုကြည့်ပြီး သက်ပျင်းချနေမိကျကာ အထူးသဖြင့် ယောင်္ကျားသားတွေပင်ဖြစ်၏။ သူတို့က ပိုင်လီရဲ့ သူတို့ထက်အရမ်းခံနိုင်ရည်ရှိနေပုံကို တွေ့ရတော့ မာနနည်းနည်းထိခိုက်သလိုခံစားရပါတာ်။

မော့ဟွာသည် နောက်ဆုံးကျန်သည့် စပျစ်သီးများကိုချေပြီး လက်ဆေးရန်ထလာသည့် သူမ၏ ဒုတိယသားအားကြည့်၍..

"ဒုတိယ မင်းတကယ် လက်ချောင်းတွေမနာဘူးလား"

မော့ဟွာမှာ သူမသားက မပြောင်းလဲလာခင် ဘဝတစ်လျောက်လုံး၌ ဘာအလုပ်မှ လုပ်ဖူးတာမရှိသည်ကို သတိရသေးသဖြင့် ပိုင်လီအား မကြာခဏနားရန်ပြောခဲ့သော်လည်း ပိုင်လီကတော့ သူအဆင်ပြေသေးကြောင်း ပြောခဲ့သဖြင့်သာ လက်လျော့ထားခဲ့ရတာပင်။ ဒါပေမယ့် အမေတစ်ယောက်ဖြစ်နေတဲ့အတွက် သူမက ပိုင်လီက လက်နာနေပေမယ့် ပေပြီးဆက်လုပ်နေမှာကို စိုးရိမ်နေခဲ့ပါတယ်။

ပိုင်လီကတော့ လုံးဝအဆင်ပြေနေတဲ့ သူ့လက်နှစ်ဖက်ကိုငုံ့ကြည့်လိုက်ပြီး လုံးဝမနာကျင်ပါဟုပြောလျှင် ယုတ္တိမရှိမည်ကို စိုးရသောကြောင့် ဤသို့သာပြောခဲ့လိုက်သည်။

"နည်းနည်းတော့ နာသလိုပါပဲ ဒါပေမယ့် အဆင်ပြေပါတယ် အရမ်းကြီးမဟုတ်ပါဘူး"

သို့သော် မော့ဟွာက ဒါကို မည်သို့ယုံလိမ့်မည်နည်း။ ဒီနေ့ စပျစ်သီးတွေကို အများဆုံးချေရတဲ့လူက ပိုင်လီဖြစ်ပြီး အဲတာက စပျစ်သီးအားလုံးရဲ့ သုံးပုံနှစ်ပုံလောက်တောင် ရှိပေလိမ့်မည်။

ဒါကြောင့်.သူမက...

"ဘာကိုနည်းနည်းလဲ မဖြစ်သေးပါဘူး အားလုံးလည်း လက်တွေနာသွားကျပြီ ရွာထဲက ဆေးဆရာရီဆီမှာ လိမ်းဆေးရှိလားဆိုတာ သွားကြည့်လိုက်ဦးမယ်"

မော့ဟွာ စကားထက် လူကပိုမြန်သဖြင့် ပြောပြီးနောက် ထထွက်သွားလေသည်။ အရင်ကဆိုရင်တော့ သူမတို့က ဆေးဝယ်ဖို့အတွက် ငွေကို ကြည့်နေရဦးမှာဖြစ်ပေမယ့် အခုတော့ အဲဒီအခြေနေကလွတ်မြောက်သွားခဲ့ပါပြီ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now