အပိုင်း (၅၆)

10.4K 1.4K 42
                                    

အပိုင်း (၅၆) ဟင်းလင်းပြင်လေလံပွဲ -2

ပိုင်လီကလည်း ထိုနှစ်ဦး၏ပွဲကို တိတ်တဆိတ်စောင့်ကြည့်နေပြီး သူကအတော်လေးကိုပျော်ရွှင်နေတာပင်။

ဘယ္သူမ်ား ကိုယ့်ပစ္စည်းကို ဈေးအများကြီးပေးတာမကြိုက်လို့လဲ။ ပြီးတော့ ပိုင်လီက မတန်တဆတောင်းတာမဟုတ်ဘဲ သူတို့ကိုယ်တိုင်ပေးတာမျိုးလေ။ သူကယူရုံပဲပေါ့။

ရွှေချောင်းလေးထောင်သည် လုံးဝမနည်းပေ။ သို့သော်ထိုနှစ်ဦးက ဆက်လက်ယှဉ်ပြိုင်တော့မည့်အချိန်တွင် နောက်ထပ်လူတစ်ဦးရောက်လာခဲ့ပြီး...

"ငါ ရွှေချောင်းငါးထောင်ပေးမယ်"

ရန်သူတော်နှစ်ဦးအပါအဝင် ပိုင်လီနှင့်လူအုပ်က နောက်ရောက်လာသည့်လူကို ကြည့်လိုက်ကျသည်။ ထိုလူက ကုန်သည်ကြီးတစ်ဦးပါပဲ။

အချင်းချင်းယှဉ်ပြိုင်နေသောလူနှစ်ဦးက ဝက်ဝံလက်၏ဈေးက ရွှေချောင်းငါးထောင်ထိရောက်သွားတာကတစ်ကြောင်း ဆက်လက်ယှဉ်ပြိုင်နေရင်လည်း တစ်ဦးကိုတစ်ဦးအကျောမခံချင်သဖြင့် ဈေးက မတန္တဆထိ ရောက်သွားတော့မည်ကိုသိနေသည်ကတစ်ကြောင်းဖြင့် ကြားလူဝင်လာချိန်တွင် နှစ်ဦးလုံးက မတိုင်ပင်ရဘဲ နောက်ဆုတ်လိုက်ကျတော့သည်။

ပိုင်လီက ဒါကိုမြင်တော့ ရွှေချောင်းငါးထောင် ထက်ပိုပေးမည့်သူ မရှိလောက်မှာကိုသိသော်လည်း ခဏလောက်စောင့်ကြည့်ပြီးနောက်မှ ဝက်ဝံညာလက်ကို နောက်ဆုံးရောက်လာသူထံ လွဲပြောင်းပေးခဲ့လိုက်၏။ ပိုင်လီက သူ့အိတ်ထဲရောက်လာတဲ့ ရွှေချောင်းငါးထောက်တန် ငွေလက်မှတ်ကိုကြည့်ပြီး အတော်လေးပျော်ရွှင်၍လည်းနေခဲ့သည်။

ဝက်ဝံညာလက်က ရောင်းထွက်သွားအပြီးတွင် ဘယ်လက်ကိုဝယ်ချင်သူများက လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့သော်လည်း ညာလပ်ကိုဝယ်သွားခဲ့သည့်ကုန်သည်ကြီးက ပြောလာ၏။

"မုဆိုးလေး မင်းမှာ ဝက်ဝံအရေခွံပါလာတာကိုငါတို့မြင်နေရတယ် ရောင်းမှာမဆိုရင် အခုပဲရောင်းလိုက်ပါတော့"

ဤနေရာတွင် အလွန်ကြွယ်သောလူများရှိနေသော်လည်း သူတို့က ဝက်ဝံညာလက်ကို ဝင်ပြိုင်လုခြင်းသိပ်မရှိခဲ့ပေ။ ဘာလို့လဲဆိုတော့ သူတို့က ပိုင်လီရဲ့လှည်းပေါ်က ဝက်ဝံအရေခွံကိုမြင်ပြီးနောက်မှာ အဲတာကိုပြစ်မှတ်ထားခဲ့ကျလို့ပါပဲ။ ဝက်ဝံညာလက်ကကောင်းပါတယ်။ ဒါပေမယ့် အဲဒါကစားရရုံပဲလေ။ ဒါပေမယ့် ဝက်ဝံသားမွှေးအစစ်ကတော့ မတူဘူးမလား။ ဝက်ဝံတွေဆိုတာ ပေါ်လာခဲပြီး ဒီလိုကောင်တွေရဲ့သားမွှေးအစစ်ဆိုတာ ဘယ်လောက်တောင်ရှားလိုက်သလဲ။ သူတို့တွေသာဒီသားမွှေးကိုလက်ဝယ်ပိုင်နိုင်သွားရင် ဘယ်လိုကောင်းတဲ့ကိစ္စတွေဖြစ်လာမလဲဆိုတာ သူတို့ပဲသိပါတယ်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now