အသေးလေးတွေရဲ့ ဗိုက်လုံးလေးတွေက မတူညီဘူး

5.8K 743 6
                                    

အပိုင်း (၁၄၄) ဇနီးလေး ကိုယ်တို့အိမ်က အသေးလေးတွေရဲ့ ဗိုက်လုံးလေးတွေက မတူညီဘူး!

"ဘာ ဘာလို့ ရုပ်ဆိုးတဲ့သမီးလေးလဲ"

ဒီမေးခွန်းကိုကြားတော့ ပိုင်လီက အလွန်မတရားခံနေရသည့် လေသံနှင့် ပြန်ဖြေလာလေသည်။

"ဘာလို့ရမှာလဲ အခု အိမ်ကအသေးလေးတွေက အရမ်းချစ်စရာကောင်းနေတော့ လူတိုင်းက သူတို့ကိုသဘောကျကျတယ်လေ ဒီနေ့ညမှာဆိုလည်း ကြည့်ပါလား လူတိုင်းက သူတို့ကို ချီဖို့ ကြိုးစားကြည့်ချင်နေကျတာ အခုက သူတို့လေးတွေ ငယ်သေးလို့ပေမယ့် နည်းနည်းကြီးလာလို့ ဒီလိုများ ဆက်ချစ်စရာကောင်းနေရင်တော့ အိုက်ယား.. လူတွေက ကိုယ်တို့သားတွေကို လာလုကျတော့မှာ မဟုတ်ဘူးလား"

ရှောင်ဟန်ကတော့ သူ့ခင်ပွန်းက အရမ်းစိုးရိမ်နေပြီဟု ထင်မိပေသည်။ လူတွေက ဘယ်လိုလုပ်ပြီးများ သူတို့သားတွေကို လာလုချင်တိုင်း လာလုလို့ရမှာတဲ့လဲ။

သို့သော် သူပြန်မပြောနိုင်သေးခင်မှာပင် ပိုင်လီဆက်ပြောလာ၏။

"အဲတာကြောင့်မလို့ ကိုယ်တို့က နောက်ဆို ရုပ်ဆိုးတဲ့ကလေးကိုပဲ မွေးသင့်တယ် ဒါဆို သူမကို ကိုယ်တို့ပဲချစ်ပေးနိုင်ပြီး သူမလေးကလည်း ကိုယ်တို့အချစ်ကို ကောင်းကောင်းမြင်နိုင်လိမ့်မယ်လေ"

ဒါကိုကြားတော့မှ ရှောင်ဟန်က သဘောပေါက်သလို ရှိသွားတော့၏။

ကြည့်ရတာ သူ့ခင်ပွန်းက သူတို့အိမ်က ကောငယ်လေးတွေက အရမ်းချစ်စရာကောင်းနေလွန်းလို့ တစ်ချိန်မှာ ထိုကောလေးတွေကို သူတို့ထက် ချစ်ပေးနိုင်မယ့်လူပေါ်လာပြီး ကောငယ်လေးတွေကလည်း ထိုလူတွေကိုပဲ အကောင်းမြင်သွားမှာကို စိုးရိမ်နေပုံရသည်။

ဒါက ဘယ်လိုတောင် ရူးနှမ်းတဲ့ စိုးရိမ်မှုကြီးလဲ။ သူ့ခင်ပွန်းက အလကားသပ်သပ် အတွေးများပြီး စိုးရိမ်နေတာ မဟုတ်ဘူးလား။

သို့သော် ဤသို့ အတ္တဆန်သည့် ဖခင်တစ်ယောက်၏ ပုံစံမျိုးသည် တစ်ဖက်ခြမ်းကကြည့်ရင်တော့ ချစ်ဖို့ကောင်းနေခဲ့သည်ပင်။

ဒါပေမယ့် ရှောင်ဟန်က သူ့ခင်ပွန်းရဲ့ တလွဲအတွေးတွေကို ပြန်တည့်ပေးလိုက်ပါတယ်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now