အပိုင်း (၃၂)

11.2K 1.5K 74
                                    

အပိုင်း (၃၂) မုဆိုးကြီး၏နွေးထွေးသောမိသားစု -3

ညပိုင်းတွင် ပိုင်အိမ်သားများသည် ပိုင်လီကိုယ်တိုင်ကြော်ထားတဲ့ ယုန်သားအစပ်ကြော်လေးနှင့် သေရည်သောက်နေကျပြီး ပင်ပန်းရသည့်တစ်နေ့တာအတွက် အနားယူနေကျ၏။

ပိုင်လီ၏ဘေးတွင် အသေးလေးများရှိနေပြီး သူတို့ကလည်း ယုန်သားအစပ်ကျော်ကိုသဘောတွေ့နေကျကာ ၎င်းတို့၏ချစ်စဖွယ် နှာသီးလေးများချွေးပျံလာတဲ့အထိ ရှူးရှူးရှဲရှဲနှင့်စားနေကျသည်။ ပိုင်လီက ဒီကလေးလေးတွေက အစပ်အရမ်းကြိုက်လိမ့်မယ်လို့မထင်ထားခဲ့ဘူး။ သို့သော် ဗိုက်နာမည်စိုးရိမ်သောကြောင့် သူတို့လေးတွေ အသားအစပ်ကြော်စားနိုင်မည့်ပမာဏကို ပိုင်လီက သတ်မှတ်ပေးထားပြီး ထိုအသားအစပ်ကြော်များကုန်သွားပါက အစပ်မစားနိုင်တဲ့ ပိုင်အမေနဲ့ရှောင်ဟန်တို့လို အစပ်မပါသည့်အသားကြော်ကိုသာစားရမည်ဖြစ်သည်။

ကလေးများသည် ပျော်ရွှင်စွာစားနေကျပြီး လူကြီးများကအလုပ်အကြောင်းများပြောနေကျကာ ပိုင်အိမ်ရဲ့ချွေးမနှစ်ယောက်ကတော့ ဒီနေရာတွင်ရှိမနေပေ။ ဒါကိုပိုင်လီကသိသိသာသာကိုပဲ ဂရုမစိုက်ပါဘူး။ ပိုင်အမေက သူမချွေးမတွေကို မလာစေဘူးဆိုရင်တောင် အငတ်ထားမှာမဟုတ်မှာမှမဟုတ်တာလေ။

ပိုင်အဖေသည် စိတ်အေးလက်သာဖြစ်နေပြီး အသစ်တူးထားတဲ့ရေတွင်းကိုလှမ်းကြည့်ကာ...

"ရေကြည်ရဖို့ နည်းနည်းတော့စောင့်ရလိမ့်မယ်"

ပိုင်လီလည်းဒါကိုနားလည်သဖြင့် ခေါင်းငြိမ့်လိုက်သည်။ ထိုအချိန်တွင် ပိုင်ဝူက မေးလာ၏။

"ဒုတိယအကို မင်းနေ့ခင်းတုန်းကဘာလုပ်နေတာလဲ အဲဒါက အရုပ်လေးနဲ့တောင်တူသလိုပဲ"

ပိုင်ဝူက နေ့ခင်းထဲကပိုင်လီလုပ်နေသည်ကို အနည်းငယ်သတိထားကြည့်နေခဲ့ပြီး တဖြေးဖြေးအရုပ်လေးနှင့်တူလာမှန်း ထင်မြင်ခဲ့သော်လည်း ပိုင်လီမှာထိုအရုပ်အား အချောမသပ်ရသေးသဖြင့် ဘာအရုပ်လေးမှန်းတော့ မပြောနိုင်ခဲ့ပေ။ ပိုင်လီကတော့ ဟုတ်မှန်ကြောင်းဝန်ခံကာ..

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now