အပိုင်း (၇၄)

10K 1.3K 28
                                    

အပိုင်း (၇၄) မုဆိုးကြီးက ကျိုးရှီမှာအပြစ်ရှိကြောင်းဖော်ထုတ်

ကျိုးရှီက ချက်ခြင်းပဲ သူမကိုခိုးတယ်ဆိုတဲ့စကား ထပ်မပြောရဲတော့အောင် ပိုင်လီရဲ့ပါးကိုသာပြေးရိုက်လိုက်ချင်တော့တယ်။

ဒါပေမယ့်သူမကတကယ်မလုပ်နိုင်ပါဘူး။သူမက ပိုင်လီက ပြောင်းလဲလာအပြီးမှာ တောကောင်ကြီးတွေကိုအမဲလိုက်ရင်းနဲ့ သူ့ရဲ့သန်မာမှုတွေထုတ်ပြတာကို တွေ့ခဲ့ရပြီးပြီလေ။ ဒါကြောင့်သူမကတကယ်သွားမရိုက်ရဲဘူး။

ဒါကြောင့် သူမက ပိုင်ကျန်းနဲ့ ပိုင်မိသားကို ပေးခဲ့တဲ့ဆင်ခြေအတိုင်း ပိုင်မိန်ရဲ့ကလေးဆန်ပြီး မသိတတ်မှုကို စိုးရိမ်လို့ မသိအောင်ယူသွားရတာပါဟူသည့်စကားကို ထပ်ပြောဖို့ပြင်လိုက်သည်။

သို့သော် သူမထက်အရင် ပိုင်လီကဦးအောင်ပြောလာခဲ့၏။

"မရီးအနေနဲ့ ဘာမှပြောစရာမလိုတော့ဘူး ဘာလို့လည်းဆိုတော့ မရီးက အပင်ကို ဘယ်သူမှမသိအောင်ခိုးထုတ်သွားတာက ပြောင်းလဲလို့မရတဲ့ညအမှန်တရားမလို့ပဲ ဒါကြောင့် ငြင်းခုန်နေလဲ အဆုံးကိုရောက်လာမှမဟုတ်တာ ဘာကိုပြောနေဦးမှာလဲ အခုကျွန်တော်ပြောမှာက ကျွန်တော်က အပင်ကိုလုံးဝမရောင်းချင်ဘူး ငွေချောင်းတစ်ထောင်လား ကျွန်တော်မလိုချင်ဘူး ဒါကြောင့် ပန်းပင်ကိုဝယ်သွားတဲ့လူက ဘယ်သူလဲဆိုတာကိုသာပြောပါ ကျွန်တော်အပင်ကို သူတို့ပေးတဲ့ရွှေတစ်ချောင်းနဲ့ ပြန်သွားဝယ်လိုက်မယ်"

စုရှီ၏ထူမမှုကြောင့် ပြန်ရပ်လာရုံသာရှိသေးသောကျိုးရှီသည် ပိုင်လီစကားများကြောင့် ထပ်လဲကျသွားမလိုပင် ယိုင်နဲ့သွားသဖြင့် စုရှီကထိန်းထားလိုက်ရသည်။ ဒါပေမယ့် ဒီတစ်ခါက ဟန်ဆောင်တာတော့ မဟုတ်ဘူး။

ပန်းပင်ကိုပြန်သွားဝယ်မယ်!

ပြီးတော့ရွှေတစ်ချောင်းနဲ့!!

ရူးနေတာလား ဒါဆို သူမတို့လိမ်ထားသမျှတွေ ပေါ်ကုန်မှာပေါ့!! ပန်းပင်က တကယ်ရွှေတစ်ချောင်းနဲ့ ရောင်းထားတာမှမဟုတ်တာ။

အဲဒါက ရွှေချောင်းတစ်ရာနဲ့လေ!!

ရွှေတစ်ချောင်းနဲ့ ဘယ်လိုသွားပြန်ဝယ်မှာလဲ!!

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now