ပိုင်မိန်ရဲ့စံပါယ်ပင်လေးမရှိတော့ဘူး

10.8K 1.3K 25
                                    

အပိုင်း (၆၈) ပိုင်မိန်ရဲ့စံပါယ်ပင်လေးမရှိတော့ဘူး

ပိုင်လီက ဒါကိုမြင်တော့ သူက ရှောင်ဟန်လက်ထဲကစာရွက်တွေကိုပြန်ယူလိုက်ကာ ဘေးမှာချလိုက်ပြီး ထိုကောင်လေး အရမ်းလန့်မသွားစေရန် ပုခုံးကိုအသာပုတ်ပေးလိုက်သည်။

"အရမ်းအံသြသွားတာလား ကိုယ့်အမှားပါ ဝက်ဝံတွေရောင်းရင် ရွှေချောင်းအများကြီးရတတ်တာကို မင်းသိထားပြီးသားလို့ထင်နေခဲ့တာ ဘာမှမဖြစ်ပါဘူး ဒါကငွေလက်မှတ်လေးတွေပဲလေ "

ရှောင်ဟန်က ထိတ်လန့်မှုထဲက ရုန်းမထွက်နိုင်သေးပေ။ သူက အခုချိန်မှာ ပိုင်လီကိုကြောက်ဖို့တောင် မေ့သွားပြီး ငွေလက်မှတ်တွေကို ကြည့်လိုက်ကာ အလန့်တကြားနှင့်...

"ဒါပေမယ့်...ဒါပေမယ့် အဲတာကရွှေချောင်းတွေလေ အများကြီးပဲ သောင်းနဲ့ချီတောင်မှ! "

ရှောင်ဟန်က ဒါကို အိမ်မက်လား၊ တကယ်လားဆိုတာကို မခွဲနိုင်တော့ဘူး။ သူ့ဘဝမှာ ဒီလောက်များတဲ့ပမာဏက သူ့လက်ထဲရောက်လာမယ်လို့ တစ်ကြိမ်တစ်ခါမှ အိမ်မက်တောင်မမက်ဖူးလို့ သူအရမ်းလန့်သွားတာလည်းဖြစ်နိုင်သည်။ သူက သူ့ကိုယ်သူ အိမ်မက်မက်နေပြီး အိမ်မက်ထဲက ရုန်းမထွက်နိုင်တာလို့တောင်ထင်နေမိ၏။

သူ ဘယ်အချိန်က အိမ်မက်မက်နေခဲ့တာများလဲ။ သူရေထဲကျပြီး နေမကောင်းဖြစ်သွားတဲ့အချိန်ကများလား။ အဲဒီအချိန်ထဲက သူ့ခင်ပွန်းက ပြောင်းလဲသွားရုံမကလို့ မိသားစုကိုဂရုစိုက်ပြီး ငွေတွေလည်းအများကြီးရှာနိုင်လာတာတွေ အားလုံးက သူဖြစ်ချင်တာတွေကို အိမ်မက်မက်နေခဲ့တာများလား။

ဒါပေမယ့် အိမ်မက်ဆိုရင်တောင် ရွှေချောင်းသုံးသောင်းကျော်က များလွန်းတယ်လေ။

ရှောင်ဟန်က ထိုအတွေးကြောင့် အရမ်းလန့်သွားပြီး အရာအားလုံးကအိမ်မက်ဖြစ်နေကာ အစစ်မှန်ဘဝကိုပြန်ရောက်သွားမှာကို ကြောက်ရွံသွားခဲ့သည်။ သူ့ရဲ့ဘဝမှန်ဖြစ်တဲ့ ဆိုးသွမ်းမိုက်မဲပြီး ​အကြင်နာတရားမရှိတဲ့ ခင်ပွန်းနဲ့ပြန်နေထိုင်ရမှာကို သူကြောက်ရွံလာခဲ့၏။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now