အပိုင်း (၁၉)

11.4K 1.5K 38
                                    

အပိုင်း (၁၉) ရှောင်မိန်ပါဝင်သော ဆိပ်ကမ်းမြို့ကမိသားစုခရီးစဥ် -4

ပိုင်လီ၏ ပြင်းထန်သောစောင့်ကြည့်မှုအောက်တွင် ရှောင်ဟန်က ပေါက်စီလေးလုံးကိုစားခဲ့ရသည်။ သူ့အတွက် သုံးလုံးကဗိုက်ပြည့်နိုင်ပြီဖြစ်ပေမယ့် ပိုင်လီက သူ့ကိုလေးလုံးထိစားစေခဲ့ပြီးမှသာ လွှတ်ပေးခဲ့သဖြင့် အလွန်ပြည့်နင့်သော ခံစားချက်က သူ့ကိုမသက်မသာဖြစ်စေခဲ့၏။ ရှောင်ဟန်ကဘဝတစ်လျှောက်လုံးမှာ ဒီလောက်ထိပြည့်နင့်နေအောင် တစ်ခါမှမစားဖူးတာကြောင့် ဒီခံစားချက်နှင့်စိမ်းသက်နေတာဖြစ်နိုင်ပါသည်။

ပိုင်မိန်ကလည်း ပေါက်စီလေးလုံးထိစားခဲ့ပြီး အလွန်ပြည့်နင့်သွားခဲ့ရှာ၏။ အသေးလေးများကလည်း နှစ်လုံးစီလောက်စားခဲ့သဖြင့် သူတို့၏ဗိုက်လေးများအနည်းငယ်လုံးလာတော့မယောင်ပင်ဖြစ်နေခဲ့သည်။ ပေါက်စီအလုံးနှစ်ဆယ်မှာ ရှစ်လုံးနီးပါးစားခဲ့တဲ့ ပိုင်လီကမူ သက်တောင့်သက်သာဖြစ်နေဟန်ဆက်ရှိနေသေးသည်မှာတော့ အံသြစရာပင်။

ပိုင်လီသည်လည်း အနည်းငယ်တော့အံသြမိခဲ့၏။ သူ့မူလဘဝတွင် ဤမျှမစားနိုင်ခဲ့သလို မူလပိုင်လီကလည်း ဤမျှမစားနိုင်ခဲ့ပေ။ ဒါဆို ဒီခန္ဓာကိုယ်ထဲရောက်မှ သူကဘာလို့ဒီလောက်စားနိုင်လာရတာလဲ။

ပိုင်လီက ဒါကိုတွေးမိသွားပေမယ့် ဒါအတွက်တော့ခေါင်းရှုပ်ခံနေမှာမဟုတ်ပါဘူး။ သူက ဗိုက်အပြည့်ဖြည့်ခံထားရတဲ့ သူ့မိသားစုဝင်များကိုသာ မြို့ထဲကတခြားနေရာများကိုလျောက်ကြည့်ရန် ခေါ်သွားခဲ့ပြီး အသေးလေးများကိုမူ အစာကြေစေရန် လမ်းလျောက်စေကာ လက်တွဲထားခဲ့သည်။

ပိုင်လီ သူတို့ကို နောက်ထပ်ခေါ်သွားသည့် နေရာသည် အဝတ်ထည်နှင့်ရတနာများရောင်းသော ဆိုင်ကြီးတစ်ဆိုင်ဖြစ်နေမည်ဟုတော့ ထင်ထားခဲ့ကျမည်မဟုတ်ပေ။ ဒီဆိုင်က ဆိပ်ကမ်းမြို့မှာ အကြီးဆုံးလက်ဝတ်ရတနာဆိုင်ပါပဲ။ ဒီဆိုင်မှာ လက်ဝတ်ရတနာကနေ အဝတ်အထည်တွေနဲ့ မျက်နှာချေတွေထိ ရနိုင်ပြီး အများဆုံးလာသည်ကတော့ ချမ်းသာသည့် သခင်မလေးများနှင့် ကော သခင်လေးများသာဖြစ်ကျသည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now