အပိုင်း (၆၃)

9.5K 1.3K 13
                                    

အပိုင်း (၆၃) မုဆိုးကြီးနှင့် ဟွမ်ဟွာ၏ ထိပ်တိုက်တွေ့ဆုံမှု -3

"လူကြီးမင်း!! ဒီလိုပုံအတိုင်းဆို ရှေ့ဆက်ပြီး ကျွန်တော်က ဘယ်လိုများလုံခြုံမှုကို ခံစားရေတာ့မွာလဲ!! ကျွန်တော့်မိသားစုကိုတောင် အပြင်ထွက်ခိုင်းရဲတော့မှာမဟုတ်ပါဘူး!! ဒါကြောင့် လူကြီးမင်းက ဒီလူတွေကိုသေချာစစ်ဆေးပြီး ပြင်းပြင်းထန်ထန်အရေးယူပေးပါလို့ ဒီရွာသားကတောင်းဆိုပါတယ်! လူကြီးမင်းအနေနဲ့ သာမာန်ပြည်သူ၊ပြည်သားတွေက လုံခြုံမှုမရှိဘဲ နေနေရမယ့်အခြေနေကို လှစ်လျူမရှုလိုက်ပါနဲ့!!"

ပိုင်လီပြောသွားသော စကားများသည် ရှုပ်ထွေးမနေဘဲ အလွန်ရှင်းလင်းလှသည်။ သူက ဟွမ်ဟွာအနေနဲ့အတင်းကျပ်လူဝယ်ဖို့ကြိုးစားတာကို သက်သေတွေနဲ့တကွဖော်ပြထားပြီး တရားသူကြီးက ဒါကို ယုံကြည်လေ၏။ ဘာကြောင့်လဲဆိုတော့ ချောင်ရန်နဲ့တရားသူကြီးက ရင်းနှီးပြီး ချောင်ရန် ဒရယ်ဝယ်လာတဲ့နေ့က အရက်သောက်ဖို့ဖိတ်တဲ့ မိတ်ဆွေတွေထဲမှာသူလည်းပါဝင်ခဲ့တာပင်။ သူက ဒါကိုထုတ်ပြောမှာမဟုတ်ပေမယ့် နောက်နေ့ ပိုင်လီအိမ်ကို ဒရယ်တွေ သွားထပ်ဝယ်တဲ့ လူသုံးယောက်ထဲက တစ်ယောက်က သူ့လက်အောက်ငယ်သားရဲ့လက်ထောက်လေ။ ဝယ်ခိုင်းတဲ့နောက်ကွယ်ကလူကတော့ သူပေါ့။

ထပ်ပြီး အဲဒီနေ့က ချောင်ရန်က ဝမ္လီကို ဟွမ်ဟွာရဲ့ဖောက်ထွင်းခံရမှုအခြေနေကိုမေးမြန်းခဲ့ပြီး ဟွမ်ဟွာက လူတွေအတင်းကျပ်ဝယ်နေလို့များ မကျေနပ်တဲ့လူတွေက အသက်စာချုပ်တွေခိုးယူသွားတာများလားဟူ၍တောင် စနောက်သလိုနှင့် ပြောခဲ့သေး၏။

ယခု သေချာစဉ်းစားကြည့်လျှင် ချောင်ရန်က ထိုဒရယ်သွားဝယ်သည့်နေ့က ယန်စန်းဟွားရဲ့လုပ်ရပ်ကိုတွေ့ခဲ့၍ သူက တရားရုံးရေးရာကို ဝင်စွက်ဖက်ခြင်းမပြုသည့်နည်းလမ်းဖြင့် ဝမ္လီအား ဟွမ်ဟွာရဲ့လူဝယ်နေတဲ့ပုံစံကို သတိပြုမိနိုင်အောင် တဖက်လှည့်နဲ့သတိပေးချင်ခဲ့တာ ဖြစ်နိုင်လောက်သည်။

ဒါပေမယ့် ဝမ္လီက ရှင်းရှင်းလင်းလင်းသတိပြုမိခဲ့ခြင်းမရှိခဲ့ဘူး။

ဝမ္လီက ထိုအကြောင်းများကို ဆက်စပ်တွေးနေပြီး ယနေ့အဖြစ်ပျက်များနှင့် တိုက်ကြည့်လိုက်သော် ပိုင်လီပြောတာက အမှန်များသာဖြစ်နိုင်ကြောင်း သေချာသွားခဲ့ကာ ယခုချိန်တွင် ဝမ္လီက အလွန်စိတ်တိုနေခဲ့သည်။ အကြောင်းမှာ ပိုင်လီ၏ (သာမာန်ပြည်သူ၊ပြည်သားတွေရဲ့ လုံခြုံမှုမရှိဘဲနေနေရမယ့်အခြေနေကို ဝမ်လီအနေနဲ့ လှစ်လျူမရှုလိုက်ပါနဲ့)ဟု ပြောခဲ့သောစကားကြောင့်ပင်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now