အပိုင်း (၁၀၄)

7.4K 915 8
                                    

အပိုင်း (၁၀၄) အလုပ်ကြိုးစားကျသည့် တစ်နေ့တာ

အိုး...ဟုတ်သားပဲ။ သူမမှာ အားယားနေတဲ့ အပေါစားအကိုတစ်ယောက် ရှိနေသေးတာပဲ။

ချောင်ချင်းချင်းသည် သူမ၏ တတိယအကိုအားမျက်လုံးများမှေးကြည့်လိုက်ပြီးနောက် အသေးလေးများကို တီးတိုးပြောခဲ့လေသည်။

ချောင်ချင်းချင်းဘပြောတာကြားပြီးနောက်မှာတော့ရှောင်ဖူက အလန့်တကြားနဲ့ ပြောလာခဲ့ပါတယ်။

"မမချင်းချင်း ဖြစ်ပါ့မလား မမအစ်ကိုက ကြောက်စရာကြီး"

ချောင်ချင်းချင်းသည် လန့်နေသည့်အသေးလေးများကို အေးဆေးပါဟူသည့်မျက်နှာထားမျိုးပေးခဲ့လေသည်။

"သူကဘာလုပ်နိုင်မှာမလို့လဲ သူက ညီမအရင်းဖြစ်တဲ့ မမကိုသာ ဆူနိုင်မှာ သူများကလေးကို သူဘာလုပ်နိုင်မှာလဲ အဲမှာ မမအမေရှိနေတာ မတွေ့ဘူးလား သူလုပ်ရဲရင် အမေကသူ့ကိုရိုက်လိမ့်မယ်"

ဒါကိုကြားတော့ ရှောင်ဖူကလန့်နေသေးသော် ရှောင်ဝူမှာမူ သူ၏လက်သီးလေးကိုဆန့်တန်းကာပြောခဲ့လေသည်။

"ကျွန်တော်သွားမယ်! ကျွန်တော်က စူးစူးတွေကိုတောင်မကြောက်ဘူး မမအစ်ကိုက စူးစူးတွေလောက်မှမကြီးတာ မကြောက်ပါဘူး!"

ချောင်ချင်းချင်းသည် ဒါကိုကြားတော့ သူမ၏တတိယအကိုနှင့် ကျွဲကြီးများက မည်သို့စပ်ဆက်သွားသည်ကို နားမလည်သော်လည်း ရှောင်ဝူကိုမူ မြောက်ပေးခဲ့ပါသည်။

"ကောင်းတယ် အငယ်ဆုံးလေးက သတ္တိရှိတယ်! အခုပဲ သွားပြောလိုက်တော့"

ရှောင်ဖူသည် သူ့ညီလေးအား တားချင်သော်လည်း ထိုကောင်လေးက ချောင်ချင်းချင်း၏ မြောက်ပေးမှုနှင့် ချောင်အိမ်က တတိယသားရှိရာကို ထွက်သွားပြီဖြစ်ကြောင်း တွေ့ခဲ့ရပေသည်။ သူတို့အိမ်က အငယ်ဆုံးလေးရဲ့ခြေလှမ်းတွေက တိုက်ပွဲဝင်မယ့် စစ်သူကြီးတစ်ယောက်လိုပဲ ရဲရင့်နေခဲ့ပါတယ်။

ချောင်လုပိုင်က သူ့အမေရဲ့ စပျစ်သီးခြင်းအဖြစ် ရှိနေပေးရတာကို စိတ်ကုန်နေချိန်တွင် သူ၏ဝတ်ရုံစက အနည်းငယ်အဆွဲခံလိုက်ရသဖြင့် ငုံ့ကြည့်လိုက်ရာ သူ၏ဒူးလောက်တောင် မရှိသေးသည့် လူသေးသေးလေးတစ်ယောက်ကို တွေ့လိုက်ရလေသည်။ အဲဒီလူသေးသေးလေးက သူ့ကို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကြည့်လာပြီးတော့...

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now