မုဆိုးကြီးနှင့်တောဝက်ကြီးနှစ်ကောင်-2

13.7K 1.6K 7
                                    

အပိုင်း (၄) မုဆိုးကြီးနှင့် တောဝက်ကြီးနှစ်ကောင် -2

ပိုင်အမေသည် ထိုတော့မှ သူမရဲ့ဆိုးသွမ်းတဲ့သားက အသားဆေးနေတာကိုတွေ့လိုက်ရသဖြင့် အလွန်တုန်လှုပ်သွားခဲ့၏။ ယခင်ကဆိုလျှင် သူမ၏ဆိုးသွမ်းသောသားသည် ဤသို့အလုပ်မျိုးအားရှောင်ဟန်ကိုသာခိုင်းလေ့ရှိပြီး သူကိုယ်တိုင်ကမူ ဘာမှမလုပ်ချေ။ ထို့အပြင် ရှောင်ဟန်ကစားစရာတွေခိုးထားသည်ဟုတောင် သံသယဝင်ပြီး ပြဿနာရှာကာရိုက်နှက်တတ်သေးသည်။

အခုရော ဘာဖြစ်ပြန်တာလဲ။ကမ္ဘာကြီးတစ်ပတ်ပြန်လည်လည်နေတာလား သူမကဘာကြောင့် သူမရဲ့ဆိုးသွမ်းတဲ့သားက ရစ်ငှက်ကိုကိုယ်တိုင်သန့်ရှင်းပြီး ဆေးကြောနေတာကို မြင်နေရတာလဲလို့။

ဒါ့အပြင် ပို၍ ထိတ်လန့်စေသည်က သူမရဲ့သားဆိုးက အခုဘာပြောလိုက်တာလဲ??

အကြီးကဲဆီကလေးငှားပြီး တောင်ပေါ်သွားတယ် ဟုတ်စ။ ပြီးတော့ ရစ်ငှက်တွေပါ ရလာသေးတယ်ပေါ့လေ။ အခုသူမကို ယုံခိုင်းနေတာလား။ မယုံဘူး သူမ လုံးဝမယုံဘူး။

ပိုင်အမေသည် ပြုံးနေသောသူမ၏ဆိုးသွမ်းသောသားအားကြည့်ကာ ရစ်ငှက်များကို ပြန်ကြည့်လိုက်သည်။ သူမဘယ်လောက်ပဲမယုံနေပါစေ ရစ်ငှက်များသည် အလွယ်တကူရနိုင်သောအရာများမဟုတ်ပဲ လတ်တလောလေးကမှ သူမ၏သားဆိုးက ငွေပြတ်လပ်သွား၍ အိမ်မှဆန်တောင်လာတောင်းရသေးသည်ကို ဤရစ်ငှက်များအားငွေဖြင့်ဝယ်ဖို့ဆိုသည်မှာလည်း မဖြစ်နိုင်ပေ။

သူမ အလွန် ချီတုန်ချတုန်ဖြင့် မေးလိုက်ရသည်မှာ...

"မင်း မင်း တကယ်ပြောတာလား"

ပိုင်လီသည် သူ၏လက်အားသုတ်နေရင်း သစ်သီးများထည့်ထားသော ခြင်းကုံးလေးအားမေးငေါ့ပြလိုက်ကာ...

"တကယ်ပါဆိုဗျာ အဲမှာ ကျွန်တော်က ကလေးတွေအတွက်တောင် အသီးတွေခူးလာသေးတယ်"

ပြောပြီးကာမှ သူကတစ်ခုခုကိုသတိရသွားဟန်ဖြင့်...

"ဟုတ်သားပဲ အမေပြန်ရင် ရှောင်မိန်အတွက်တချို့ယူသွားလိုက်ပါဦး"

ပိုင်အမေသည် အဖြစ်ပျက်များက အလွန်မယုံနိုင်ဖွယ်ကောင်းနေသဖြင့် ရုတ်တရက်ဘာစကားမှပင်မပြောနိုင်တော့ပေ။ သူမရဲ့ သားဆိုးက အလုပ်လုပ်ဖို့ဆန္ဒရှိလာတဲ့အပြင် သူ့ရဲ့သားတွေကိုလည်း ဂရုစိုက်တတ်လာတာလား။ သူမဒါကိုဘယ်လိုယုံကြည်ရမှာလဲ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now