မုဆိုးကြီးနှင့် ဟွမ်ဟွာ၏ ထိပ်တိုက်တွေ့ဆုံမှု

9.7K 1.3K 67
                                    

အပိုင်း (၆၁) မုဆိုးကြီးနှင့် ဟွမ်ဟွာ၏ ထိပ်တိုက်တွေ့ဆုံမှု

ပိုင်လီက အပြန်လမ်းတွင်လည်း လှည်းနှစ်စီးကိုတွဲထားစဲဖြစ်သည်။ သို့သော် ဘာမှမပါတော့တာကြောင့် ကျွဲနှစ်ကောင်၏ ခြေလှမ်းများကသွက်လက်နေကာ ပိုင်လီက အရှိန်တင်မောင်းခြင်းမရှိတာတောင်မှ လှည်းလေးက ပုံမာန်အရှိန်ထက် အနည်းငယ်မြန်တဲ့နှူန်းလေးနဲ့ ပြေးနေလေ၏။

ဆိပ်ကမ်းမြို့ကနေ နန်ချောင်းရွာကိုသွားချင်လျှင် ဆိပ်ကမ်းမြို့ကနေ မြို့ငယ်လေးကိုသွားသောလမ်းကနေအရင်သွားရမည်ဖြစ်ပြီး မြို့ငယ်လေးသို့ရောက်မှ နန်ချောင်းရွာသို့သွားသည့်လမ်းက သပ်သပ်ထပ်ရှိနေတာပင်။

ဒါကြောင့် ပိုင်လီက အခု ဆိပ်ကမ်းမြို့ကနေ မြို့ငယ်လေးကိုသွားတဲ့လမ်းပေါ်မှာရှိပြီး ဤလမ်း၌ ဆိပ်ကမ်းမြို့နှင့် မြို့ငယ်လေးကို ကူးသန်းတတ်သောလူတချို့အား ရံဖန်ရံခါတွေ့ရတတ်သော်လည်း ပုံမွန္မရွိပဲ ခေါင်ကာ လူပြတ်လေ့ရှိသည်။

ဒီနယ်မှာ ဓားပြတွေမရှိတော့လို့သာ မဟုတ်ရင်တော့ ဒီလမ်းက ဓားပြတွေရဲ့အကြိုက်ဖြစ်နေမှာလေ။

ပိုင်လီက ထိုသို့တွေးနေရင်းနဲ့ ရှေ့ကသစ်ပင်ပေါ်မှ ပုံမှန်မဟုတ်သောလှုပ်ရှားမှုကို မြင်လိုက်တော့ လှည်းကိုဖြည်းညင်းစွာရပ်လိုက်၏။ နေရာက လမ်းရဲ့အလယ်လောက်ကိုရောက်နေပြီဆိုတော့ လူအပြတ်ဆုံးနေရာလို့ပြောရမည်။ ဆိုတော့ ဟွမ်ဟွာကလူတွေက နည်းနည်းတော့ညာဏ်ကောင်းသားပဲ။ ဒါပေမယ့်...

ပိုင်လီက လှည်းပေါ်ကနေ မလှမ်းမကမ်းကသစ်ပင်ကြီးပေါ်ကနောက်ထပ်လှုပ်ရှားသွားသော အနက်ရောင် အရိပ်များကိုကြည့်ကာ စိတ်ထဲမပြောပဲမနေနိုင်ပေ။

နေ့ခင်းကြောင်တောင်မှာ အနက်ရောင်ဝတ်စုံတွေနဲ့?

အကယ်၍ဟွမ်ဟွာကလူတွေသည် လူမ်ားကို ဓားပြပုံစံဖြင့်လှည့်စားချင်လျှင်လည်း တောရွာဘက်က ဓားပြများက အနက်ရောင်ဆင်တူဝတ်စုံများကို ဝတ်လေ့မရှိကြောင်း သူပြောပြချင်မိသွား၏။ ဒါကဘယ်လိုကြည့်ကြည့် လုပ်ကြံမှုလို့ပဲ ထင်နေရတာကို...။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now