လှည်းအပြည့် စျေးဝယ်ထွက်ခြင်း

5.7K 739 3
                                    

အပိုင်း (၁၃၀) လှည်းအပြည့် စျေးဝယ်ထွက်ခြင်း

ယွီလျန်ဟွားရဲ့ဒုတိယထပ်ကနေထွက်လာခဲ့တဲ့ပိုင်လီတို့ကတော့ နောက်မှာဘာတွေကျန်ခဲ့လဲဆိုတာကိုဂရုမစိုက်ကျတော့ပါဘူး။

သူတို့က ယွီလျန်ဟွားရဲ့အောက်ထပ်မှာ နွေရာသီဝတ်တချို့ ချုပ်ဖို့အတွက် ပိတ်စတချို့နဲ့ မီးပုံးပွဲတော်အတွက် ကောင်းမွန်သောဝတ်စုံများချုပ်ရန် အထည်စတချို့ကို ဝယ်ယူခဲ့ကျသေးကာ ပိုင်လီကတော့ သူ့အိမ်က အသေးလေးတွေချီလျက်နှင့် အသေးလေးတွေ လက်ညိုးထိုးသမျှ အထည်တွေဝယ်ပေးရသည့်အပေါ် အလွန်ပျော်ရွှင်နေပေသည်။

ရှောင်ဟန်လည်း အစကတော့ အများကြီးမဝယ်ဖို့တားခဲ့သေးပေမယ့် နောက်တော့လည်း ဒီသားဖတွေကို ပြောမနိုင်တော့ပါဘူး။ အဲဒါကြောင့် သူနဲ့ပိုင်မိန်က အဲဒီ ထင်ရာစိုင်းနေတဲ့ သားဖတွေကို လွှတ်ထားလိုက်ကျပြီး သူတို့က တစ်ဖက်မှာ မီးပုံးပွဲတော်အတွက် အထည်စများကို ရွေးနေလိုက်တော့သည်။

ရှောင်ဟန်က ပိုင်မိသားစုဝင်တွေအတွက် အထည်တွေရွေးနေတုန်းမှာ ပိုင်မိန်က ပုလဲရောင်ပိုးထည်စတစ်ခုနှင့် မိုးပြာရောင်ပိုးထည်စတစ်ခုကို ကိုင်လျက် ရှောင်ဟန်အားမေးလာလေသည်။

"ဒုတိယယောင်းမ ဒီနှစ်ခုထဲက ဘယ်တစ်ခုက ညီမလေးနဲ့လိုက်မယ်ထင်လဲဟင်"

ရှောင်ဟန်သည် ဒါကိုကြားတော့ လှည့်ကြည့်လိုက်ပြီး သူကအထည်စတွေကိုမြင်တော့ ပြုံးလိုက်၍....

"ရှောင်မိန်လေးက လှပြီးသားပဲ အကုန်လုံးနဲ့လိုက်ပါတယ် "

ဒီစကားကြောင့် ကလေးမလေးက ကျေနပ်သွားပြီး သူမလေးက...

"ဟီးဟီး ညီမလေးလည်းထင်သားပဲ ဒါဆိုနှစ်ရောင်စပ်ချုပ်လိုက်ရမလား ဒါဆိုပိုလှသွားမှာမလား"

ရှောင်ဟန်က ခေါင်းသာငြိမ့်ပြလိုက်၏။

"အဲလိုလည်းကောင်းပါတယ်"

သူက ညာပြောနေတာမဟုတ်ပါဘူး။ ပိုင်မိန်မှာ တတ်ကြွတတ်တဲ့ စရိူက်လေးနဲ့ ချစ်စဖွယ် ရုပ်ရည်လေးရှိနေပြီးသားမလို့ သူမလေးက ဘာပဲဝတ်ဝဝတ်လိုက်ဖက်နေမှာပါ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now