အပိုင်း (၉၄)

9.3K 1.1K 13
                                    

အပိုင်း (၉၄) မိသားစုစကားဝိုင်း

ရှောင်ရုံဟွာ မည်သို့တွေးနေခဲ့မှန်း ဂရုမစိုက်သောပိုင်လီသည် ပိုင်မိသားစုနောက်သို့လိုက်ကာ သူ့အိမ်သို့ပြန်သွားခဲ့တော့သည်။

အိမ်ပြန်အရောက်မှာ ပိုင်အမေက သူနဲ့ပိုင်မိန်နှစ်ယောက်လုံးကို ပေါ်ပေါ်ထင်ထင်နေလို့ဆိုပြီး ဆူလာကာ ဒီအတွက်တော့ မောင်နှမနှစ်ယောက်လုံးက ခုခံပြောဆိုခြင်းမလုပ်ခဲ့ပေ။

အဲဒီနောက်မှာ မော့ဟွာက ပိုင်လီထံကနေ ခုထိမခွာသေးတဲ့ သူမမြေးလေးတွေကိုကြည့်လိုက်ပြီး ပြောလိုက်ပါတယ်။

"ရှောင်ဝူလေးနဲ့ရှောင်ဖူလေး ဖွားဖွားတို့ဆီလည်းလာခဲ့ပါဦး မင်းတို့အဖေဆီမှာပဲ ကပ်နေတော့တာပဲ"

အသေးလေးများသည် ဤစကားများကြားသောအခါမှ ပိုင်လီကိုစွန့်ခွာကာ မော့ဟွာထံပြေးသွားခဲ့ကျတော့သည်။ ဒီနေ့ သူတို့က အပြင်မှာတစ်နေကုန်နီးပါးရှိနေခဲ့ပြီး အပြင်လူတွေနဲ့အတူရှိနေရတဲ့အခါမှာ ထိုကောင်လေးများက သူတို့အဖေထံ၌ ကပ်နေခဲ့ကျတာလည်းဖြစ်၏။

ပိုင်လီကတော့ သူ့ကိုစွန့်ခွာသွားတဲ့ ကောင်လေးတွေကို ကူကယ်ရာမဲ့စွာကြည့်လိုက်ပြီး ဒီကောင်လေးတွေက အခြေနေကို တကယ်သိတာပဲဟုတွေးခဲ့သည်။ သူတို့က အပြင်လူတွေနဲ့ရှိနေတဲ့အချိန်မှာ သူ့ကိုကပ်နေပြီး မိသားစုနဲ့ အတူရှိနေတဲ့အခါမှာတော့ သူတို့အဖွားရဲ့စကားကို ပိုပြီးနားထောင်လိမ့်မယ်။

ပိုင်လီက သူ့သားလေးတွေရဲ့အသိဉာဏ်အရှိရှိရွေးချယ်နိုင်မှုအပေါ် ကျေနပ်နေချိန်တွင် ပိုင်အဖေက သူ့အား အားမရသလိုကြည့်နေခဲ့လေသည်။

"ဒုတိယ အခုမြေတွေလည်း ဝယ်ပြီးသွားပြီ မင်းဘာဆက်လုပ်မှာလဲ"

ဒီရက်တွေမှာ ပိုင်လီက မြေတွေဝယ်ဖို့အကြောင်းသာပြောနေခဲ့ပြီး ဘာဆက်လုပ်မယ်ဆိုတာကို တိတိကျကျပြောလာခြင်းမရှိခဲ့ပါဘူး။ သူက သစ်သီးခြံတည်မယ်လို့ ပြောခဲ့ပေမယ့်လည်းတကယ်တမ်း အဲတာက ဘယ်လိုလုပ်မယ်လို့ ဘယ်သူ့ကိုမှ ပြောခဲ့ခြင်းမရှိခဲ့ဘူး။

ဒါကြောင့် ပိုင်မိသားတွေက စိုးရိမ်နေခဲ့ကျပြီး သို့သော်လည်း သူတို့က ပိုင်လီထံတွင် စီစဥ်ပြီးသားရှိမည်ထင်၍ ဘာမှမမေးဘဲနေခဲ့ကျသည်။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now