၁၁၃

7.4K 976 14
                                    

အပိုင်း (၁၀၃) စပျစ်ခြံတွင်းမှ လူတစ်စု

ဤသို့ဖြင့် လူကြီးများက စကားတပြောပြောနှင့် စပျစ်သီးများဆက်ခူးနေချိန်တွင် ကျွဲအိမ်သို့သွားသည့် ကလေးတစ်သိုက်ကလည်း ပြန်လာခဲ့ပြီဖြစ်သည်။

သူတို့လေးတွေက ထွက်သွားတုန်းက သိပ်မရင်းနှီးကျသေးပေမယ့် ပြန်လာတဲ့အခါမှာတော့ တော်တော်လေး ပြေလည်လာတဲ့ပုံပေါက်နေပါတယ်။ သူတို့လေးတွေကိုကြည့်ရတာ မွေးလာထဲက အတူတူကစားရင်း ကြီးပျင်းလာတဲ့ သူလေးတွေလိုပဲ။

ကလေးတစ်သိုက်က ပျော်ရွှင်စွာဖြင့် ပိုင်လီတို့စပျစ်စင်နား ပြန်ရောက်လာချိန်မှာပင် အသေးဆုံးစပျစ်ခိုင်အား ရှာပုံတော်ထွက်သွားသည့် ကျန်းချင်လည်း ပြန်ရောက်လာခဲ့လေသည်။ သူ့လက်ထဲမှာတော့ လက်ရှိစပျစ်ခိုင်တွေထက် ထက်ဝက်လောက်သေးတဲ့စပျစ်သီးခိုင်လေးတစ်ခိုင် ရှိနေခဲ့ပါတယ်။

ကျန်းချင်က ဒါကို မနည်းရှာထားရတာဖြစ်ပြီး ဘာလို့ဆို သူက ပုံမှန်စပျစ်ခိုင်တစ်ခုကို ဖြုန်းရမှာ အရမ်းရင်နာလွန်းလို့ပါပဲ။ ဒီစပျစ်ခိုင်လေးက အသီးတွေကတခြားအလုံးတွေထက်မသေးပေမယ့် အခိုင်ရဲ့အရွယ်ကတော့ ထက်ဝက်လောက် သေးနေပြီး စင်ငါးစင်လုံးမှာ ဒီတစ်ခိုင်ထဲပဲရှိပါတယ်။

သူသည် စပျစ်ခိုင်လေးအား တကြည့်ကြည့်နှင့်ပြန်လာချိန်တွင် လူအများကြီးရှိနေတာကို တွေ့လိုက်ရသဖြင့် အံသြသွားခဲ့သော်လည်း အများစုက ပိုင်မိသားစုဝင်များဖြစ်နေသည့်အခါ သိပ်တော့မထူးဆန်းသွားပါချေ။ ဒါပေမယ့် ဧည့်သည်တွေကိုတွေ့လိုက်ရတဲ့အခါမှာတော့ သူကနည်းနည်းစပ်စုချင်သွားသော်လည်း သူဘာမှမပြောနိုင်သေးခင်မှာပင် ပိုင်မိန်၏အသံအား ကြားလိုက်ရတော့သည်။

"နင်! နင်အဲဒီစပျစ်ခိုင်နဲ့ဘာလုပ်မလို့လဲ!"

ကျန်းချင်၏ပုံမှာ စပျစ်သီးခူးနေသည့်ပုံ လုံးဝမရချေ။ သူ့မှာ ခြင်းတောင်းလည်းရှိမနေတဲ့အပြင် စပျစ်စက်၏အောက်တွင် ရှိနေခဲ့ခြင်းမဟုတ်သဖြင့် ပိုင်မိန်သည် သံယများစွာနှင့်မေးလိုက်ခြင်းပင်။

ကျန်းချင်က ဒါကိုကြားတော့အမှန်တိုင်းပဲ ပြောလိုက်ပြီး...

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now