အပိုင်း (၂၇)

10.8K 1.5K 62
                                    

အပိုင်း (၂၇) ရုံးတော်၏စီရင်ချက် -5

"လူကြီးမင်း! သနားညှာတာပါ သနားညှာတာပေးပါ! ကျွန်မတို့တကယ်ပဲ သားမက်ပိုင်ရဲ့ပစ္စည်းတွေယူမိတာ ဝန်ခံပါတယ်! ဒါပေမယ့်လူကြီးမင်းရယ် ပိုင်လီရဲ့ဇနီးသည်ကောက ရှောင်အိမ်ရဲ့သားတစ်ယောက်ရယ်ပါ လူကြီးမင်းလည်းသိတဲ့အတိုင်း ဒီကျွန်မတို့နဲ့သားမက်တော်စပ်သူက လွန်ခဲ့တဲ့ရက်ပိုင်းကပဲ တောဝက်ကြီးတွေကနေ ငွေချောင်းရာပေါင်းများစွာရခဲ့ပေမယ့် ယောက္ခမဖြစ်သူတွေကိုသိတတ်ရမှန်း မသိခဲ့ပါဘူး! သားဖြစ်သူကလည်း သူ့ခင်ပွန်းကိုမလွန်ဆန်နိုင်လို့ မိသားစုကိုပြန်မကြည့်ခဲ့ပဲ ဒီပိုင်လီက သူ့မိဘတွေအတွက် မြောက်များတဲ့ပစ္စည်းတွေဝယ်ပေးခဲ့ပေမယ့် ယောက္ခမတွေကိုတော့ ဘာမှမပေးချင်ခဲ့တာကြောင့် သူတို့ရွာမှာမရှိဘူးဆိူတာကြားတော့ စိတ်ဆိုးဒေါသထွက်လို့ ပစ္စည်းတွေကိုယူခဲ့မိတာပါ! ဒါကြောင့် ဒီကိစ္စက မသိတတ်တဲ့သားနဲ့သားမက်ကို စိတ်ဆိုးဒေါသထွက်မိပြီး ဖြစ်သွားခဲ့ရတာဖြစ်လို့ လူကြီးမင်းအနေနဲ့ သနားညှာတာပေးဖို့ တောင်းဆိုပါတယ် "

ပိုင်အမေအပါဝင် နန်ချောင်းရွာသားများသည် လဲ့ရှီ၏အရှက်မရှိတဲ့စကားများကို ထပ်နားမထောင်တော့သလိုပင်ခံစားခဲ့ရပြီး တရားသူကြီး ဝမ်လီသည်သာ ရှောင်အိမ်နဲ့ပိုင်လီတို့၏ ဆက်နွယ်မှုကိုကြား၍ အနည်းငယ်အံသြသွားခဲ့ရသည်။ သူက ပိုင်လီက ရှောင်မိသားစုရဲ့သားမက်ဖြစ်လိမ့်မယ်လို့ တကယ်ကိုမထင်ခဲ့ဘူး။ ဆိုတော့ ဒါတွေက မိသားစုကြားကအရှုပ်ထွေးသပ်သပ်များလား။

တရားသူကြီး၏ အနည်းငယ်ပြောင်းလဲသွားသော မျက်နှာထားကိုရိပ်မိ၍ ပိုင်လီက ပိုင်အမေကိုခပ်တိုးတိုးငုံ့ပြောလိုက်ကာ ထိုအခါမှ မော့ဟွာကလည်း ရုံးတော်ကိုလာတဲ့လမ်းမှာ ပိုင်လီပြောခဲ့သည်များကို သတိရသွားခဲ့သည်။ ပိုင်လီပြောခဲ့တာက အကယ်၍များ လဲ့ရှီနဲ့ရှောင်မိသားစုက အပြစ်ကို ပိုင်လီကသူတို့ရဲ့သားမက်ဆိုတဲ့အချက်နဲ့ ဖုံးကွယ်ဖို့ကြိုးစားလာခဲ့ရင် ရုံးတော်လူကြီးမင်းထံ အရင်ကငွေချောင်းတစ်ရာနဲ့အဆက်ဖြတ်မှုကို တင်ပြရန်ပြောထားခဲ့ပြီး ဤသို့ဖော်ပြခြင်းအားဖြင့် ပိုင်လီကရှောင်ဟန်ကို အနိုင်ကျင့်ခဲ့သည့်ကိစ္စလည်းအဖော်ခံရမည်ဖြစ်သော်လည်း ရှောင်ဟန်နှင့်ပိုင်လီကလက်ထပ်ပြီးဖြစ်သဖြင့် အရေးယူခံရတော့မည်မဟုတ်ပေ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now