မုဆိုးကြီးအိမ်ကစားသောက်ပွဲ-2

12.7K 1.5K 49
                                    

အပိုင်း (၁၅) မုဆိုးကြီးအိမ်ကစားသောက်ပွဲ-2

ကျိုးအိမ်က တုရွီက ပိုင်အိမ်ကမော့ရှီနဲ့မတူဘူး။ သူမက ရွာအကြီးကဲရဲ့ဇနီးဖြစ်ပြီး စည်းကမ်းကြီးတယ်။ ချွေးမတွေကိုအနိုင်မကျင့်ပေမယ့် အလိုလဲမလိုက္ဘူး။ မော့ရှီလို့ ချွေးမတွေကိုအခွင့်ကောင်းယူခွင့်ပေးတာမျိုးဆိုရင်တော့ပြောမနေနဲ့။

သူတို့ကလယ်သမားတွေဖြစ်ပြီး ဘာမှမလုပ်ပဲစားနိုင်တဲ့လူချမ်းသာတွေမဟုတ်ဘူးလေ။ လယ်သမားဇနီးတိုင်းက ကိုယ်ဝန်ဆောင်ဖူးကျတာချည်းပဲ။ သုံးလကျော်သွားရင် ကိုယ်ဝန်ဆောင်ထားလည်းအလုပ်လုပ်ရမှာပဲ။ ပိုင်အိမ်ကချွေးမတွေကတော့ အလုပ်များချိန်မှာမကူတဲ့အပြင် အိမ်မှာချက်ပြုတ်တဲ့အလုပ်တောင်မလုပ်ချင်ကျဘူး။ အခုလည်း စားချိန်မှမျက်နှာပြောင်တိုက်ပြီးလာချင်နေတယ်ပေါ့။

အကယ်၍ သူတို့မျက်နှာပဲလာပြရင်တောင် ဒီလောက်ရုပ်ပျက်မှာမဟုတ်ပါဘူး။ ဘယ္သူကမွ ကိုယ်ဝန်သည်တွေကိုခက်ခဲပြီး ပင်ပန်းတဲ့အရာတွေလုပ်ခိုင်းမှာမဟုတ်။ သူတို့ကူရရင်တောင် ပေါ့ပေါ့ပါးပါးတချို့ပဲကူရမှာ။ ဒါပေမယ့် သူတို့ဘာလုပ်ခဲ့လဲ။မျက်နှာတောင်လာမပြဘူးလေ။

ပိုင်အမေကလည်း တုရှီစကားကသင့်တော်တယ်ထင်ပြီး သူမကစားစရာတွေကိုပဲ ပိုင်အိမ်ကိုပို့ခိုင်းလိုက်တော့တယ်။ ကျိုးရှီကအပြောမတတ်ဘူး။ သူမရှိနေရင် စကားဝိုင်းအဆင်မပြေမှာလည်း စိုးရိမ်ရတယ်။

ဒါပေမယ့် ပိုင်မိန်က သူမအမေဟင်းပွဲတွေထည့်နေတာကြည့်ပြီး...

"အေမ ကလီစာဟင်းပွဲတွေမထည့်ရင်ကောင်းမယ် အဲတာတွေက ကိုယ်ဝန်ဆောင်တွေအတွက်ကောင်းလားမသိဘူးလေ ယောင်းမတွေက တစ်ခါမှကလီစာတွေမစားဖူးဘူးမလား"

ပိုင်မိန်က သူမအကိုချက်တဲ့ကလီစာဟင်းတွေကိုစားကြည့်ပြီးပြီ။ အရသာအသစ်ဆန်းမလို့လားတော့မသိ သူမေလးက အဲတာတွေကအသားထက်ပိုစားကောင်းတယ်လို့ထင်ပြီး ညှီလည်းမညှီဘူး။ ပုံမှန်ဆိုရင်တော့ သူမက ဒီလောက်လုပ်မှာမဟုတ်ပေမယ့် ဒီနေ့ကျိုးရှီရဲ့ပိုင်အိမ်ကို လုံးစိတ်ထဲမရှိတဲ့လုပ်ရပ်က သူမကိုရွံရှာစေတယ်။ နင်ကပိုင်အိမ်မှာနေ၊ပိုင်အိမ်မှာစားနေပြီး ပိုင်အိမ်ကိုသစ္စာဖောက်တယ်ပေါ့။ ဒါက နင်နဲ့တန်တာပဲ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now