မုဆိုးကြီးအိမ်ကစားသောက်ပွဲ

12.4K 1.5K 37
                                    

အပိုင်း (၁၄) မုဆိုးကြီးအိမ်ကစားသောက်ပွဲ

လှည်းလေးက တဖြေးဖြေးနဲ့ ပိုင်လီတို့အိမ်ကိုရောက်ခဲ့ပြီ။ ရှောင်ဟန်က အသေးလေးတွေကို အောက်ချပေးနေပြီး ပိုင်လီက ပိုင်လီက ပိုင်မိန်ဒေါသထွက်နေတုန်းဆိုတာတွေ့တော့...

"မင်းဘာတွေစိတ်တိုနေသေးတာလဲ ဒေါ်လေးတုက အရူးမဟုတ်ဘူး သူမက မင်းကိုမကြိုက်ရင် ကျိုးရှီကိုပိုလို့ကြိုက်မှာမဟုတ်ဘူး ကျိုးရှီရဲ့မောင်ဆိုပြောမနေနဲ့ မင်းလိုအပ်တာက သူတို့နဲ့ပြိုင်ပြီးစကားမများဖို့ပဲ"

ပိန်မိန်က နောက်ဆုံးမှာ နှုတ်ခမ်းဆူနေရာပြုံးလိုက်တော့တယ်။ သူမရဲ့ ဒုတိယအကိုဆီက ဆုံးမစကားတွေထွက်တာက ဒီတစ်ခါပထမဆုံးပဲ။ ပိုင်မိန်က ပြုံးပြီး...

"ညီမလေးက ဒုတိယအကိုပြောတာကိုနားထောင်မယ်"

အဲဒီနောက် လှည်းပေါ်ကပစ္စည်းတွေကို ချလိုက်ကျပြီး ပိုင်လီက ရှောင်ဟန်အတွက်ဝယ်လာတဲ့ဆေးထုပ်တွေကို လှမ်းပေးကာ...

"ငါမင်းအတွက် ဆေးဆိုင်ကိုဆေးစပ်ခိုင်းလာတယ် ညကျရင်အကြီးကဲမိသားစုကိုဖိတ်ထားတာမလို့ ချက်ရပြုတ်ရဦးမှာ မင်းအခုဆေးကျိုနှင့်လိုက်"

ရှောင်ဟန်က သူ့ရှေ့ကဆေးထုပ်သုံးထုပ်ကိုကြည့်ကာ မယုံကြည်နိုင်ဘူး။ ဆေးတွေကဘယ်လောက်စျေးကြီးလိုက်လဲ။ ပိုင်လီကတကယ်ကြီး သူ့အတွက် ဆေးသုံးထုပ်ဝယ်ပေးတယ်ပေါ့။

ပိုင်လီက ရှောင်ဟန်မယူသေးတဲ့အတွက် လှည့်ကြည့်လာပြီး...

"မယူဘူးလား .."

ရှောင်ဟန်က အဲဒီတော့မှ ဆေးထုပ်ကိုလှမ်းယူလိုက်ပြီး "ကောင်းပါပြီ" လို့ခပ်တိုးတိုးလေးပြောလိုက်တော့တယ်။

ပိုင်လီက စိတ်ထဲသက်ပြင်းချနေလေရဲ့။ ရှောင်ဟန်အနေနဲ့ သူပြောင်းလဲသွားတာကိုချက်ခြင်းလက်မခံနိုင်သေးတာသိပေမယ့် ရှောင်ဟန်ရဲ့ပုံက သူ့ကိုစိတ်မသက်သာဖြစ်စေတယ်။

ရှောင်ဟန်နဲ့ယှဥ်ရင် ငယ်သေးတဲ့အသေးလေးတွေက ပိုပြီးပြောင်းလဲလွယ်ပြီး အခုကြည့် သူ့အနားကိုကပ်နေကျပြီ။ ပိုင်လီက မုန့်ချိုတွေဝယ်လာတယ်လို့ သူတို့ဒေါ်လေးပိုင်မိန်ပြောထားလို့လေ။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now