မုဆိုးကြီးက ဇနီးလေးရဲ့စကားကိုနားမထောင်ဘဲ တောင်ပေါ်ကိုတတ်သွားပြီ

12K 1.6K 57
                                    

အပိုင်း (၅၀) မုဆိုးကြီးက ဇနီးလေးရဲ့စကားကိုနားမထောင်ဘဲ တောင်ပေါ်ကိုတက်သွားပြီ

နောက်တစ်နေ့တွင် ပိုင်လီက အနည်းငယ်စိတ်ပြေသွားခဲ့ပြီး အသေးလေးတွေကတော့ ရှောင်ဟန်ကိုကပ်ချွဲနေတာတွေ့ခဲ့ရ၏။

ပိုင်လီက ဒီနေ့တော့တောထဲသွားဖို့ဆုံးဖြတ်လိုက်တော့တယ်။ သူ့သားလေးတွေက ဒီရက်တွေမှာ ဝယ်လို့ရတဲ့ဝက်သားတွေပဲစားခဲ့ရတာဆိုတော့ တောင်ကောင်သားတွေစားဖို့အချိန်ပြန်ရောက်လာပြီလေ။ ပြီးတော့ ပိုင်လီကဒီနေ့ သူ့အိမ်ကထင်းတဲကိုဖြည့်ဖို့နဲ့ မြင်းရုပ်လေးတွေလုပ်ဖို့ သစ်မာသားတွေရှာဖို့လည်း ဆုံးဖြတ်ထားပါတယ်။

မနက်စာစားပြီးနောက်တွင် ရှောင်ဟန်က ပိုင်လီဒီနေ့ တောထဲသွားမယ့်အကြောင်းသိသွားပြီး သူကအနည်းငယ်စိုးနေခဲ့သည်။ သူစိုးရိမ်နေတာက ရိုးရှင်းပါတယ်။ ဝမ်ရူက တောနက်ထဲမှာဆုံးပါးသွားခဲ့တာလေ။

သူနဲ့ အသေးလေးတွေက ပိုင်လီကိုပဲအားကိုးနေရတာဆိုတော့ သူကပိုင်လီတစ်ခုခုဖြစ်သွားမှာကြောက်တယ်လေ။ ရှောင်ဟန်က သူတို့လက်ထဲမှာရှိနေတဲ့ငွေချောင်းတွေနဲ့ မြေကွက်တွေဝယ်ပြီး လယ်လုပ်ရင်လည်း သူတို့တွေအဆင်ပြေမယ်လို့ ထင်နေတာကြောင့် သူက ပိုင်လီကို တောထဲမသွားစေချင်ဘူးဖြစ်နေ၏။ ဒါပေမယ့် သူက ထုတ်လည်းမပြောရဲတော့ ဝေ့လည်ဝေ့လည်နဲ့ ပိုင်လီအနားမှာ လှည့်ပတ်နေပြီး ဒါက ပိုင်လီကိုရယ်မောစေခဲ့သည်။

ပိုင်လီက ဒီကောင်လေးကအနည်းငယ်ချစ်ဖို့ကောင်းသည်ဟုခံစားရပြီး သူကရှောင်ဟန်ရဲ့ခေါင်းလေးကိုပုတ်လိုက်ကာ...

"အဆင်ပြေပါတယ် မစိုးရိမ်နဲ့ ငါက တောလမ်းတွေကိုကျွမ်းပြီး အန္တာရယ်တွေနဲ့ရင်းနှီးပြီးသားပါ"

ထုတ်မပြောရဲသည့်ရှောင်ဟန်သည် ဘာမှမပြောရသေးခင် အဖမ်းခံလိုက်ရပြီး သူက ထိုစကားကြားတာတောင် စိုးရိမ်နေသေးသော်လည်း ပိုင်လီကတားမရမှာကိုသိလို့ ခေါင်းငြိမ့်ရုံသာတက်နိုင်ခဲ့သည်။

ဒါပေမယ့် ခေါင်းပုတ်ခံရမှုကြောင့် သူ့ရဲ့နားရွက်လေးတွေကတော့ နီရဲနေခဲ့လေရဲ့။

အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝ/ အမှိုက်ကောင်လေး၏ပျော်ရွှင်ဖွယ်ဘဝWhere stories live. Discover now