အပိုင်း(၆)

3.1K 15 0
                                    

၂၀၂၂ခုနှစ်၊ မေလ

"သမီးရေ။ မေမေသွားပြီနော်"

"တစ်ခုခုရင် ဖုန်းဆက်လိုက်အုံး"

"ဟုတ်ကဲ့ပါမေမေ။ မေမေ ကလည်း ဒါက ပထမဆုံးအခေါက်မှ မဟုတ်တာကို။"

"အခေါက်တိုင်း ဒါတွေပဲ မှာမှာနေတော့ သမီး အကုန်အလွတ်ရနေပါပြီ"

"ဟုတ်ပါပြီရှင်။ ဒါဆို မေမေစိတ်ချမယ်နော်။ သွားပြီ"

နုငယ် ရတီလေးကို မှာစရာရှိတာ မှာပြီး ကားဆီ အပြေးလေး သွားနှင့်လေပြီ။

နုငယ် ကားကို ကိုယ်တိုင်မောင်းကာ နယ်မြို့ဆီသို့ ဦးတည်လာခဲ့သည်။

ကားပေါ်မှာ နုငယ် ဖွင့်ထားသော သံချင်းသံက ပျံ့လွင့်လွင့်။

"🎶🎶🎶Country roads, take me home

To the place I belong

West Virginia, mountain mama

Take me home, country roads🎶🎶🎶"

နုငယ် သီချင်းလေးတငြီးငြီးနှင့် မောင်းနေသည်။

ကားက မြို့ပြင်သို့ရောက်စပြုလာသည်။

စိတ်ကကားမောင်းနေပေမဲ့ အတွေးဆီသို့လည်း တချက်ပျံ့လွင့်သွားပြန်သည်။

စည်သူဆုံးပြီး (၉)နှစ်ကျော် (၁၀)နှစ်နီးပါးကာလမှာ အားလုံးဟာ သူ့ဟာနဲ့သူ နေသားတကျဖြစ်နေပြီ။

စည်သူဆုံးပါးသွားသေည်လည်း နုငယ်က အခြေအနေ မယိုင်နဲ့သွား။

လုပ်နေကျ ပိုးထည်တိုက်ကိုပဲ ဆက်လုပ်သည်။

စိတ်အနှောင့်အယှက်ကင်းကင်း လုပ်ရတော့ လုပ်ငန်းက ပိုပိုအောင်မြင်လာသည်။

နုငယ် အဖေကတော့ လွန်ခဲ့သော (၃)နှစ်ခန့်က ဆုံးပါးသွားခဲ့သည်။

နုငယ် ကျန်ခဲ့သော အမေကို ရန်ကုန်ကို ခေါ်ပြီး အတူတူနေရန် ပြောသော်လည်း အမေက လက်မခံ။

အမေ က သူ့နဲ့ဆွေမျိုးနီးစပ် အဒေါ်ကြီး(၂)ယောက်နဲ့ အတူတူနေပြီး နယ်မြို့က ပိုးထည်ဆိုင်ကို ဆက်လုပ်နေသည်။

နုငယ်က စည်သူနဲ့ အတူတူနေခဲ့သော အိမ်မှာပဲ ဆက်နေနေသည်။

လူသေသွားသဖြင့် ကြောက်တတ်သောစိတ်တွေ သူမမှာ သိပ်မရှိ။

ငယ်သူမို့Where stories live. Discover now